မဏိပူကို တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၆ ဦး ပြည်နှင်ဒဏ်ပေးခံရ

၂ဝ၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကလည်း မဏိပူပြည်နယ်ကိုရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၃၈ ဦး ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဥ်းထောင်တွင် အကျဉ်းကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်စဥ်။ N.Biren Singh Photo

အင်ဖာ- မဏိပူနယ်စပ်ကနေ အိန္ဒိယနိုင်ငံထဲဝင်လာတဲ့ မြန်မာနိုင်ငံသား၂၆ ဦးကို မဏိပူအစိုးရက မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ပြန်လည်ပို့ဆောင်လိုက်တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

မဏိပူအစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီတွေပေးဖို့၊ စောင့်ရှောက်ဖို့ကတိပြုထားပေမဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေထိုင်ခွင့်မပြုဖို့ အခိုင်အမာရပ်တည်ထားပြီးဖြစ်တယ်လို့ မဏိပူပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကလည်း မဏိပူပြည်နယ်ကိုရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၃၈ ဦး ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ သုံးလအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၁၅ ဦး ပြည်နှင်ဒဏ်ပေးခံခဲ့ရတာပါ။

သူတို့ကို အိန္ဒိယအစိုးရက မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေစတင်ကတည်းက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအများအပြားဟာ အင်ဒိုနီးရှား-မြန်မာ နယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြတယ်လို့ အစီရင်ခံစာတွေက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org