ပြဿနာကြိုတင်ကာကွယ်ဖို့ မနောကွင်းကို ပိတ်ရတာလို့ ကချင်ဝန်ကြီးချုပ် ပြောကြား
ဒေါ်အောင်ဆန်းစုကြည်ကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ဟောပြောခွင့်ပိတ်ပင်ခဲ့တာဟာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်တာဖြစ်ကြောင်း၊ NLD သာ မဟုတ်ပဲ တခြားမည်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းကို မှလည်း မနောကွင်းမှာ မဲဆွယ်စည်းရုံးခွင့် ပြုမှာ မဟုတ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောကြားလိုက်ပါတယ်။
-
2015-10-02 -
-
-
ဒေါ်အောင်ဆန်းစုကြည်ကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ဟောပြောခွင့်ပိတ်ပင်ခဲ့တာဟာ ဖြစ်ပေါ်လာနိုင် တဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်တာဖြစ်ကြောင်း၊ NLD သာ မဟုတ်ပဲ တခြားမည်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်း ကိုမှလည်း မနောကွင်းမှာ မဲဆွယ်စည်းရုံးခွင့် ပြုမှာမဟုတ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောကြားလိုက်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ RFA က ဒီကနေ့ ညနေုပိုင်းတွေ့ဆုံမေးမြန်းစဉ် ဝန်ကြီးချုပ်က ခုလိုပြောကြားခဲ့တာဖြစ် ပါတယ်။
"ပါတီ တစ်ခုခုကနေသော်လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကနေသော်လည်းကောင်း သမိုင်းအစဉ်အလာကြီးမားတဲ့ မနောကွင်းကြီးမှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်လာမယ်ဆိုရင် ကချင်ပြည်နယ်မှာရှိတဲ့ လူမျိုးတစ်ယောက်နဲ့ တစ်ယောက်အကြား၊ ကချင်မျိုးနွယ်စု ၆ မျိုးထဲမှာရှိတဲ့ မျိုးနွယ်စုများအချင်းချင်းအကြားဟာ သွေးကွဲပြီးတော့မှ စည်းလုံးညီညွတ်ရေး ပျက်ပြားလာနိုင်တယ်၊ ပဋိပက္ခတွေဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့် NLD မှ မဟုတ်ပါဘူး၊ ပြည်ခိုင်ဖြိုးပါတီပဲဖြစ်ဖြစ် တခြား မည်သည့်ပါတီပဲဖြစ်ဖြစ် အသုံးမပြုသင့်ပါဘူး၊ မည်သည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မဲဆွယ်စည်းရုံမှုဟာ မပြုသင့်ပါဘူးဆိုမှ ကျနော်တို့က တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရေးကိစ္စနဲ့၊ ယဉ်ကျေးမှုကိစ္စနဲ့ ပတ်သက်တဲ့တကယ်ကို အရေးကြီးတဲ့နေရာကြီးမှာ သွေးကွဲစေမယ့်ကိစ္စတွေပေါ့လေ၊ ပဋိပက္ခဖြစ်စေမှာကို မဖြစ်ရအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ ကျနော်တို့က ဒါတွေကိုဘယ်သူမှ အသုံးကြပါနဲ့လို့ တားမြစ်ရတာပဲဖြစ်ပါတယ်"
ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ရွေးကောက်ပွဲကော်မရှင် က ကြိုးစားနေကြောင်း၊ အဲ့ဒီလိုဖြစ်ဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအပြင် ပါတီတွေ ပြည်သူတွေ ကလည်း လက်တွဲဆောင်ရွက်ဖို့လိုကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။