သဘောၤအုပ်စု ဝင်ခွင့်တောင်းထားဟု မလေးရှားအဖွဲ့ ပြောကြား

မလေးရှားနိုင်ငံ အစ္စလာမ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ-Malaysian Consultative Council of Islamic Organizations (MCCIO)အတွင်းရေးမှူးချုပ် Zainol ဇေနိုလ် က ရခိုင်ပြည်နယ် ကို စေလွတ်မယ့် အရေးပေါ်ထောက်ပံ့ရေးသင်္ဘောအုပ်စုကို မြန်မာပြည်ဝင်ခွင့်ပြုဖို့အတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို လျှောက် ထားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ သံရုံးက အခုအချိန် ထိ ပြန်ကြားခြင်းမရှိကြောင်း မနေ့က ပြောပါတယ်။

မွတ်စလင်တွေကို အဝတ်အထည်တွေ လှူဒါန်းနေတာ တွေ့ရစဉ် Photo: The Star Online

မလေးရှားနိုင်ငံ အစ္စလာမ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ-Malaysian Consultative Council of Islamic Organizations (MCCIO)အတွင်းရေးမှူးချုပ် Zainol ဇေနိုလ်က ရခိုင်ပြည်နယ်ကို စေလွတ် မယ့်အရေးပေါ်ထောက်ပံ့ရေးသင်္ဘောအုပ်စုကို မြန်မာပြည်ဝင်ခွင့်ပြုဖို့အတွက် ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံး ကို လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ သံရုံးက အခုအချိန်ထိ ပြန်ကြားခြင်းမရှိကြောင်း မနေ့က ပြောပါတယ်။

အဲဒီထောက်ပံ့ရေးသင်္ဘောတွေပေါ်မှာ မွတ်စလင်တွေအတွက် ဆန်တန်ချိန် တထောင်ခန့်အပြင်ဆေးဝါးနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေ တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

သင်္ဘောတွေနဲ့အတူ မလေးရှားဝန်ကြီးဟောင်းတွေ၊ ဆေးဝန်ထမ်းတွေ၊ လေ့လာသူတွေနဲ့မီဒီယာ အဖွဲ့တွေ  ပြောပါတယ်။ မြန်မာအစိုးရကတော့ အခုလိုထောက်ပံ့ရေးသင်္ဘောတွေ ဝင်ခွင့်ပြုဖို့ မလေးရှားတွေက တစ်စုံတရာ တောင်းခံထားခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org