မလေးရှား ထောက်ပံ့ရေးအဖွဲ့ လိုအပ်ပစ္စည်း စုဆောင်းနေဆဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခ သည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်လှူဒါန်းမယ့် KP1M အဖွဲ့က လှူဒါန်းပစ္စည်းတွေ လိုအပ်သလောက် မရရှိသေးတဲ့အတွက် ဆက်လက်စုဆောင်းနေတယ်လို့ မနေ့က ပြောကြားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် မလေးရှား ထောက်ပံ့ရေးအဖွဲ့ သွားရောက်လှူဒါန်းမယ့် ပစ္စည်းတွေစုဆောင်းနေ တာကို တွေ့ရစဉ် Photo: themalaymailonline.com

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်လှူဒါန်းမယ့် KP1M အဖွဲ့က လှူဒါန်းပစ္စည်းတွေ လိုအပ်သလောက် မရရှိသေးတဲ့အတွက် ဆက်လက်စုဆောင်းနေတယ်လို့ မနေ့က ပြောကြားပါတယ်။

အဲဒီအဖွဲ့ရဲ့ ပထမဆုံး ထောက်ပံ့ရေးသင်္ဘော Nautical Aliya နော်တီကယ် အလီယာ ဟာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ မလေးရှားက ထွက်ခွာမှာဖြစ်ပြီး အဲဒီသင်္ဘောကို မြန်မာအစိုးရက ရန်ကုန်ဆိပ်ကမ်းမှာပဲ ဆိုက်ကပ်ခွင့်ပေးထားပါတယ်။

တကယ်လို့ မြန်မာအစိုးရက ဆုံးဖြတ်ချက်ပြောင်းခဲ့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf တက်နဖ် ဆိပ်ကမ်းကို သွားရောက်ပြီး ပစ္စည်းတွေကို အဲဒီကတဆင့် ရခိုင်ပြည်နယ်အတွင်း ပို့ဆောင်မယ်လို့ ဆိုပါတယ်။ အဲဒီပထမဆုံး သင်္ဘောပေါ်မှာ နိုင်ငံတကာလေ့လာသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ သတင်းထောက်တွေ စုစုပေါင်း ၂၂၆ ဦး လိုက်ပါဖု့ိ့ရှိကြောင်းလည်း စီစဉ်နေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org