ရိုဟင်ဂျာကို IS အမြတ်ထုတ်နိုင်ဟု မလေးရှား ကာချုပ်ပြောကြား

မလေးရှားကာကွယ်ရေးဝန်ကြီး Zulkifeli Mohd Zin ဇူကီးဖယ်လီ မို့ဒ် ဇင် က IS ခေါ် အစ္စလာမ်အကြမ်းဖက်အဖွဲ့ဟာ မြန်မာပြည် က ရိုဟင်ဂျာပြဿနာကို ခုတုံးလုပ်အမြတ်ထုတ်ပြီး အရှေ့တောင်အာရှမှာ သူတို့အဖွဲ့ရဲ့ သြဇာလွမ်းမိုးမှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်တယ်လို့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကို ပြောကြားခဲ့ကြောင်း ကွာလာလမ်ပူ က ကြာသပတေးနေ့ ရရှိတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ် Photo: United Nations Refugee Agency - Cox's Bazar, Bangladesh facebook

မလေးရှားကာကွယ်ရေးဝန်ကြီး Zulkifeli Mohd Zin ဇူကီးဖယ်လီ မို့ဒ် ဇင် က IS ခေါ် အစ္စလာမ်အကြမ်းဖက်အဖွဲ့ ဟာ မြန်မာပြည်က ရိုဟင်ဂျာပြဿနာကို ခုတုံးလုပ်အမြတ်ထုတ်ပြီး အရှေ့တောင်အာရှမှာ သူတို့အဖွဲ့ရဲ့ သြဇာလွမ်းမိုး မှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ပြောကြားခဲ့ကြောင်း ကွာလာလမ်ပူက ကြာသပတေးနေ့ ရရှိတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ ဒီအပတ် စောစောပိုင်း တွေ့ဆုံရာမှာ အဲဒီလိုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှား ဗိုလ်ချုပ်ကြီး မို့ဒ် ဇင် က ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာကို ချောချောမွေ့မွေ့ဖြစ်အောင် ဖြေရှင်းနိုင်ဖို့ လိုကြောင်းနဲ့ ဒီကိစ္စအပေါ် မလေးရှားက စိုးရိမ်ကြောင်းစသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org