မြန်မာကို ပိုပြီးဖိအားပေးဖို့ မလေးရှား အတိုက်အခံ ပြောကြား

မလေးရှား အစိုးရအတိုက် အခံ ခေါင်းဆောင် ဒေါက်တာဝမ်အဇီဇာ က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာကို ပိုမိုအာရုံ စိုက်ဖြေရှင်း ကြဖို့ မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က မလေးရှားဝန်ကြီးချုပ် ပါဝင်ဆန္ဒပြစဉ် Photo: Najib Razak's Facbook

မလေးရှားအစိုးရ အတိုက်အခံခေါင်းဆောင် ဒေါက်တာဝမ်အဇီဇာ က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာကို ပိုမိုအာရုံ စိုက်ဖြေရှင်းကြဖို့ မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရနဲ့ အာဆီယံအဖွဲ့က အခုလုပ်ဆောင်နေတာတွေကို မိမိထောက်ခံ ပါတယ်။ ဒါပေမဲ့ မလေးရှားအစိုးရအနေနဲ့ မြန်မာအစိုးရကို ပိုပြီးဖိအားပေးဖို့နဲ့ လူသားချင်းစာနာမှုစာနာမှု အကူညီတွေ ပိုမိုထောက်ပံ့ဖို့ လိုတယ်လို့ မလေးရှားအစိုးရ အတိုက်အခံခေါင်းဆောင် ဝမ်အဇီဇာ ကပြောပါတယ်။

ဒီအတောအတွင်း မောင်တောမြို့နယ် ဝက်ကျိန်းကျေးရွာနှင့် ဘဒကားကျေးရွာကြားရှိ ပြူးမချောင်းဘေး မြေနုကျွန်း၌ ရွှံ့များပေကျံနေသော အလောင်းတစ်လောင်းကို ဒီဇင်ဘာ ၂၆ ရက် ညနေက တွေ့ရှိကြောင်း မြန်မာအစိုးရ ပြန် ကြားရေးဌာနက ကြေညာခဲ့ပါတယ်။

သေဆုံးသူမှာ ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင် ပျောက်ဆုံးနေခဲ့တဲ့ ဝက်ကျိန်းရွာသား ဆီရာဇူဟွတ် ဆိုသူ ဆယ်အိမ်မှူးဟောင်းဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဒေသခံအဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org