မလေးရှား ဝန်ကြီးချုပ် OIC ခေါင်းဆောင်နဲ့ ရိုဟင်ဂျာအရေး ဆွေးနွေး
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ စနေနေ့က အစ္စလာမ္မစ်ကောင်စီ OIC အဖွဲ့အတွင်းရေးမှူး ဒေါက်တာ အိုတာမီနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အရေးနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမြို့ မှာ ဆွေးနွေးပါတယ်။
-
2017-01-21 -
-
-
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ စနေနေ့က အစ္စလာမ္မစ်ကောင်စီ OIC အဖွဲ့အတွင်းရေးမှူး ဒေါက်တာ အိုတာမီနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အရေးနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမြို့မှာ ဆွေးနွေးပါတယ်။
ရခိုင်ပြည်နယ် အရေးကို ဆွေးနွေးဖို့ OIC က အစည်းအဝေးလုပ်တာကို မြန်မာနိုင်ငံဘက်က မလိုလားအပ်တဲ့ ဖိအားတွေပြုလုပ်တာဖြစ်ပြီး ပြဿနာကို ပိုပြီးရှုပ်ထွေးအောင်လုပ်တာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပြီး နောက်တစ်နေ့ မှာ ခုလိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ မလေးရှားနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နုယ် အရေးကို ဖြေရှင်းဖို့ကြိုးပမ်းအားထုတ်နေတာတွေကို လျစ်လျူရှုရာကျတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကွာလာလန်ပူကို ရောက်နေတဲ့ OIC အတွင်းရေးမှူးဟာ တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ရခိုင်အရေးနဲ့ပတ်သက်ပြီး သီးခြားစီတွေ့ဆုံမှုတွေလုပ်ပါတယ်။ ဒီအတောအတွင်း OIC အဖွဲ့က ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဟာမစ်အယ်လ်ဘာက မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ကလေးတွေအတွက် စာသင်ကျောင်းတွေ ပိုပြီးဆောက်ပေးသင့်တယ်လို့ အကြံပြုပါတယ်။ မလေးရှားနိုင်ငံမှာရောက်တဲ့ ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံ သား မဟုတ်တာကြောင့် သာမန်ကျောင်းတက်ခွင့် မရရှိကြဘူးလို့ ဟာမစ်မစ်အယ်ဘာက ပြောပါတယ်။