မလေးရှားရောက် မြန်မာတွေ သတိထားသွားလာဖို့ မြန်မာသံရုံး သတိပေး
ရခိုင်ပြည်နယ် မောင်တောအရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပေါ် လာနိုင်တာကြောင့် မလေးရှားရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေ အထူးဂရုပြုသွားလာနေထိုင်ကြဖို့ မလေး ရှားနိုင်ငံ မြန်မာသံရုံးက မနေ့က သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။
-
2016-12-03 -
-
-
ရခိုင်ပြည်နယ် မောင်တောအရေးနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်တာကြောင့် မလေးရှားရောက် ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အထူးဂရုပြုသွားလာနေထိုင်ကြဖို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက မနေ့က သတိပေး ချက် ထုတ်ပြန်လိုက်ပါတယ်။
နီးစပ်ရာ မြန်မာနိုင်ငံသားတွေကို လူမှုအဖွဲ့အစည်းတွေကလည်း လိုက်လံသတိပေးထားတယ်လို့ ရွှေ့ပြောင်း အလုပ်သမား လူမှုကူညီရေးအသင်းက ဦးချစ်ကောင်းက ပြောပါတယ်။
"သံရုံးက အဲဒီကိစ္စနဲ့ ပတ်သက်လို့ အပြင်မထွက်ဖို့ သတိပေးထားပါတယ်၊ တခြားနီးစပ်ရာ နီးစပ်ရာ လူမှုရေးအသိုင်းအဝန်းတွေကလည်း ကိုယ့်အသိစိတ်ဓာတ်နဲ့ အသိပေးထားတာတော့ ရှိတာပေါ့ဗျာ ၊ တော်တော်များများကတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ဆန္ဒလိုက်ပြမယ်ဆိုတာ သိထားတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အလုပ်နဲ့ အိမ်တို့မှာ သတိထားနေထိုင်ကြဖို့ အဲလိုတော့ရှိပါတယ်"
ရခိုင်ပြည်နယ် မောင်တောမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။
အလားတူ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မွတ်ဆလင်အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ် မောင်တောမှာ မွတ်ဆလင်တွေကို သတ်ဖြတ်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က မြန်မာ သံရုံးတွေရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မနက်ဖြန်လည်း မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ပြီး ဆန္ဒပြပွဲတွေ ထပ်မံပြုလုပ်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။