မထသ(ဗဟို)က ဝန်ထမ်း ၁၅၀၀ ကျော်ကို ပြောင်းရွှေ့မည်

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မ တီအောက်က အဖွဲ့ ၇ ဖွဲ့မှာရှိတဲ့ ဝန်ထမ်း ၁၅၀၀ ကျော်ဟာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အောက်မှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမှာဖြစ် တယ်လို့ မထသ(ဗဟို) တာဝန်ရှိသူတွေက ပြောပါတယ်

ရန်ကုန်မြို့အတွင်းမှာ ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေကို တွေ့ရစဉ်

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို)ကော်မတီအောက်က အဖွဲ့ ၇ ဖွဲ့မှာရှိတဲ့ ဝန်ထမ်း ၁၅၀၀ ကျော်ဟာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အောက်မှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ မထသ(ဗဟို) တာဝန်ရှိသူတွေက ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဖွဲ့ပြီးချိန်မှာ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ် လို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိမ်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဌ ဦးလှအောင်က ပြော ပါတယ်။
"သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ စုဖွဲ့မှုပြီးတဲ့အခါမှာ  အဲ့ဒီမှာ သတ်မှတ်တဲ့ ဌာနအသီးသီးမှာ ကျနော်တို့က  တာဝန်လွဲပြောင်းထမ်းဆောင်ရမယ်လို့ ဆိုပါတယ်၊ ဒါကြောင့်မို့လို့  သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  ဖွဲ့စည်းမယ့်အချိန်အပေါ်မှာပဲ မူတည်ပါတယ်"

မထသ အဖွဲ့ရဲ့ ကောက်ခံရရှိငွေထဲက တိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ အစုအဖွဲ့အလိုက် ဝန်ထမ်းလစာပေးအပ် တာဖြစ်ပြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အောက်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင် တဲ့အခါ လစာဘယ်လိုရရှိမယ်ဆိုတာ မသိရှိရသေးဘူးလို့လည်း ဦးလှအောင် က ပြောပါတယ်။

ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နာယကအဖြစ် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့ မထသ(ဗဟို) ၊ မထသ (မြို့တွင်း) ၊ မထသ (အဝေးပြေး)၊ အရှေ့ပိုင်းခရိုင် မထသ၊ အနောက်ပိုင်းခရိုင်မထသ၊ တောင်ပိုင်းခရိုင်မထသ၊ မြောက်ပိုင်းခရိုင် မထသ ၇ ဖွဲ့မှာ ဝန်ထမ်းဦးရေ ၁၅၀၀ ကျော်ရှိတာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org