ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်တွေ အများစုနေထိုင်ရာ မယ်လဒုက္ခသည်စခန်းမှာ မနေ့နေလည် ၂ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက် မီးဘေးသင့်ပြီး လူ ၃ ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များ အတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်း ကို တွေ့ရစဉ်။ Photo courtesy of TBBC

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်တွေ အများစုနေထိုင်ရာ မယ်လဒုက္ခသည်စခန်းမှာ မနေ့နေလည် ၂ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက် မီးဘေးသင့်ပြီး လူ ၃ ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စခန်းထဲက ဇုံအမှတ်(စီ)မှာရှိတဲ့ စာသင်ကျောင်းမှာ လျပ်စစ်ဝါယာကြိုးရှော့ဖြစ်ပြီး လောင်တာလို့ သိရပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်ကား ၂ စီး အချိန်မီရောက်လာတဲ့အတွက် ညနေ ၃ နာရီခွဲလောက်မှာ မီးညွန့်ကျိုးသွားတယ်လို့သိရပါတယ်။

လောလောဆယ်မှာတော့ မီးဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ တည်းခိုနေရတယ်လို့ ဆိုပါတယ်။

မယ်လဒုက္ခသည်စခန်းဟာ မဲဆောက်မြို့ရဲ့မြောက်ဘက် ကီလိုမီတာ ၆၀ အကွာလောက်မှာရှိပြီး၊ လူဦးရေ ၅ သောင်းနီးပါးလောက်ရှိတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်တလျှောက် အကြီးဆုံးစခန်းတစ်ခု ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org