မျိုးစောင့်ဥပဒေကို မဘသ ကာကွယ်မယ်
နိုင်ငံရဲ့ ဘာသာ၊ လူမျိုးတို့ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အမျိုးစောင့်ဥပဒေကို အမျိူးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အနေနဲ့ အတက်နိုင်ဆုံး ကာကွယ်သွားမယ်လို့ မဘသ ဦးဆောင်ဆရာတော် ဦးတိလောက မိန့်ကြားလိုက်ပါတယ်။
-
2016-06-04 -
-
-
နိုင်ငံရဲ့ ဘာသာ၊ လူမျိုးတို့ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အမျိုးစောင့်ဥပဒေကို အမျိူးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အနေနဲ့ အတက်နိုင်ဆုံး ကာကွယ်သွားမယ်လို့ မဘသ ဦးဆောင်ဆရာတော် ဦးတိလောက မိန့်ကြားလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှာပြုလုပ်တဲ့ မ ဘ သ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် နှစ်ပါတ်လည်ညီလာခံမှာ ဆရာတော် ဦးတိလောက က မိန့်ကြားလိုက် တာဖြစ်ပါတယ်။
"မျိုးစောင့်ဥပဒေဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ အထူးသဖြင့်တော့ ကိုယ့်နိုင်ငံကအမျိုးသမီးတွေ ဘာသာခြား၊ လူမျိုးခြားထင်ရာစော်ကားတာကို ခံခဲ့ရပေါင်းများပြီမှတ်လား၊ ဒီမျိုးစောင့်ဥပဒေဆိုတာ တစ်ကယ့်ကို နိုင်ငံအတွက်လုပ်ပေးနေတာနော်၊ နဂိုတည်းက စော်ကားချင်သလို စော်ကားနေတဲ့ ပုဂ္ဂိုလ်တွေ ကတော့ မျိုးစောင့်ဥပဒေကို မပျက်ပျက်အောင်ဖျက်မှာပဲ၊ ကိုယ့်လူမျိုးတွေကလည်းသူများနားယောင်တာကို ပါသွားတတ်တယ်၊ အဲ့တော့ ညီညီညွတ်ညွတ်နဲ့ မျိုးစောင့်ဥပဒေကို ကာကွယ်ဖို့မလိုအပ်ဘူးလား၊ မျိုးစောင့်ဥပဒေကို ထိလာရင်တော့ တတ်နိုင်သလောက်တော့ ကာကွယ်ရမှာပဲနော်"
ဒါ့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မဖျက်သိမ်းနိုင်ရေးအတွက်ကိုလည်း ကာကွယ်သွားမှာဖြစ်ပြီး မြန်မာ နိုင်ငံမှာ ရိုဟင်လူမျိူးမရှိကြောင်းလည်း မိန့်ကြား ပါတယ်။
ညီလာခံကိုမနက်ဖြန်မှာလည်း ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး အခမ်းနားကို နိုင်ငံတစ်ဝှမ်းက မဘသ အဖွဲ့ဝင် သံဃာတော် တစ်ထောင်နီးပါး တက်ရောက် ခဲ့ကြပါတယ်။