စဉ့်ကိုင်မှာ အလုပ်သမား ၆၀၀ ကို အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆို

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာရှိတဲ့ "ကံကောင်းခြင်း ရတနာ" သစ်အချောထည်စက်ရုံက အလုပ်သမားခြောက်ရာလောက်ကို အလုပ်ပြန်ခန့်ပေးဖို့ ဒီနေ့ အလုပ်သမားကိုယ်စားလှယ်တွေက တောင်းဆိုလိုက် ပါတယ်။

ရှမ်းကန်ကျေးရွာ ရွာဦးကျောင်းမှာ ခိုလှုံနေရတဲ့ ကံကောင်းခြင်းရတနာ" သစ်အချောထည်စက်ရုံ အလုပ်သမားများကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေး ရွာမှာရှိတဲ့ "ကံကောင်းခြင်းရတနာ" သစ်အချောထည် စက်ရုံက အလုပ်သမားခြောက်ရာလောက်ကို အလုပ်ပြန်ခန့်ပေးဖို့ ဒီနေ့ အလုပ်သမား ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်၊ မဂ္ဂင်လမ်းမှာရှိ တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီစက်ရုံက အလုပ်သမားတွေကိုယ်စား အလုပ်သမ မသက်နွယ်အောင်က အခုလို တောင်းဆိုခဲ့တာပါ။

"သတင်းစာရှင်းလင်းပွဲရှင်းရခြင်းက ဒီအလုပ်ကို အမြန်ဆုံးနည်းနဲ့ ပြန်ဝင်ချင်တယ်၊ ညှိနှိုင်းပြီးတော့ သွားချင်တယ်၊ အလုပ်ဆင်းမခံလို့ ဒုက္ခသည်စခန်း ဖွင့်ထားတာ စားရေးသောက်ရေး အဆင်မပြေဘူး"

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမား ခြောက်ရာနီးပါးလောက်ကို  အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ် မချုပ်လို့ဆိုပြီး အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီ အလုပ်သမားတွေဟာ စက်ရုံအနီးက ရှမ်းကန်ကျေးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က အလုပ်သမားဝန်ကြီးဌာန၊ပြည်သူ့ လွှတ်တော် အလုပ်ရှင်၊အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို  ပူးပေါင်းဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့အပတ်က တင်ပြထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org