လက်ပန်းတောင်းဆန္ဒပြပွဲ အကြမ်းဖက်မှု ရန်ကုန်တရုတ်သံရုံးကို ချီတက်ဆန္ဒပြ

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ သံဃာတော်တွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဟန်းရှင်လူ ၂ဝဝ ကျော်ပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု ရန်ကုန်မြို့မှာ ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။

ီလက်ပန်းတောင်းသပိတ်ဖြိုခွဲမှုှ ဆန္ဒပြပွဲတွင် ဒီဇင်ဘာလ ၁ရက်နေ့က မြေနီကုန်းမှ တရုတ်သံရုံးကို ချီတက်လာသော ဆန္ဒပြသူများကို တွေ့ရစဉ် Photo: RFA/Sai Htun Aung Lwin

ဆန္ဒပြသူတွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ သံဃာတော်တွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေကို ဝန်ချတောင်းပန်ဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမိုးသွေးက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဒီကနေ့ညနေ လေးနာရီလောက်က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ မြေနီကုန်းလမ်းဆုံမှာ စတင်စုဝေးခဲ့ကြပြီး၊ အဲဒီကတဆင့် ဗားကရာလမ်းမကြီးကနေ ကြည့်မြင်တိုင်လမ်းဆုံအတိုင်း ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကို ဦးတည်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

တရုတ်သံရုံးအနီး ဗဟိုလမ်းနဲ့ ပြည်ထောင်စုရိပ်သာ လမ်းထောင့်အရောက်မှာတော့ လုံထိန်းရဲအင်အား တစ်ရာခန့်ဟာ ဆန္ဒပြသူတွေကို သံရုံရှေ့အထိ မချီတက်နိုင်အောင် ပိတ်ဆို့တားဆီးခဲ့ပါတယ်။ အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခဖြစ်ပွားမှု တစုံတရာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဆန္ဒပြသံဃာတော်တွေဟာ မေတ္တာသုတ်ရွတ်ဖတ်ခဲ့ကြပြီး၊ လက်ပန်းတောင်းတောင်ကြေးနီးစီမံကိန်းရပ်တံ့ရေး၊ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ဆန္ဒပြပွဲမှာ ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်ကို RFA ကိုဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org