လောက်ကိုင်မှာ လက်လုပ်မိုင်းပေါက်ကွဲမှု ဒေသခံ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ ကူမင်းလမ်းသွယ်မှာ မနေ့ညနေက လက်လုပ်မိုင်း ပေါက်ကွဲခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ ကူမင်းလမ်းသွယ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က လက်လုပ်မိုင်း ပေါက်ကွဲတာ ကို တွေ့ရစဉ် Photo: Ko Myo Gyi(facebook)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ ကူမင်းလမ်းသွယ်မှာ မနေ့ညနေက လက်လုပ်မိုင်း ပေါက်ကွဲခဲ့ တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုးကန့်တပ်မတော်ဘက်က ဖောက်ခွဲမှုတွေပြုလုပ်မယ်ဆိုတဲ့ သတင်းတွေရရှိထားပြီး မနေ့ညက ဖြစ်ပွားခဲ့ တဲ့ ပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ အတည်မပြုနိုင်သေးဘူး လို့ ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။

"ကိုးကန့်လက်နက်ကိုင်အဖွဲ့ကတော့ ဒီလိုမျိုးတွေ ရွာတွေဝင်ပြီးတော့ ဖောက်ခွဲဖျက်ဆီးရေး လုပ်မယ် ဆိုတာတော့ သတင်းရထားတယ်၊ လောက်ကိုင်ဒေသမှာပေါ့၊ လွန်ခဲ့တဲ့ရက်ပိုင်းက သတင်းရထားတယ်၊ ဒါပေမဲ့ အခုလုပ်သွားတဲ့ဟာကတော့ သူတို့အဖွဲ့လား၊ ဘယ်အဖွဲ့လည်းဆိုတာတော့ တပ်အပ်တော့ ပြော လို့မရသေးဘူး၊ အခုဖြစ်သွားတဲ့ နေရာက လောက်ကိုင်မြို့ပေါ် စစ်စစ်ကြီး မဟုတ်ဘူးခင်ဗျ၊ ကျနော်တို့ ယူဆတာတော့ မြို့ပေါ်မှာလုပ်လို့မရလို့ မြို့ရဲ့ပြင်ပ သင့်တော်တဲ့နေရာမှာ လုပ်သွားတယ်လို့ပဲ ယူဆတယ်"

တပ်မတော်က လောက်ကိုင်မြို့ပေါ်မှာ လုံခြုံရေးချထားသလို ရဲတပ်ဖွဲ့အနေနဲ့လည်း လောက်ကိုင်မြို့တွင်းနဲ့ အဝင်အထွက်ဂိတ်တွေမှာ လုံခြုံရေးရယူနေတာတွေ ရှိတယ်လို့ ပြောပါတယ်။

မနေ့ညက လောက်ကိုင်မြို့၊ တုံချိန်ရပ်၊ ကူးမင်းလမ်းသွယ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အနီးနား ဝန်းကျင်မှာ ရပ်ထားတဲ့ကားနှစ်စီးက ယာဉ်မောင်းနှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စိုးရိမ်ရတဲ့ အနေအထားမရှိဘူးလို့ ပြော ပါတယ်။

အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က အမှုဖွင့်အရေးယူထားတာ မရှိသေးဘူးလို့  သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org