ဝမ်ပေါင်ကုမ္ပဏီ မြန်မာပြည်က ထွက်သွားဖို့ တောင်းဆို
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဆောင်ရွက်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်သွားဖို့ လက်ပံတောင်း ဒေသခံတွေက ဒီနေ့ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။
-
2014-10-29 -
-
-
Your browser doesn’t support HTML5 audio
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်သွားဖို့ လက်ပံတောင်း ဒေသခံတွေက ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မြေယာလျော်ကြေးယူမထားပေမယ့် လယ်တွေအသိမ်းခံထားရသူတွေအတွက် နစ်နာချက်ကိုဖြေရှင်းပေးဖို့၊ မီးလောင်ဗုံးတရားခံကို အရေးယူပေးဖို့နဲ့ နောက်ဆုံး ဝမ်ပေါင်ကုမ္ပဏီ ထွက်သွားဖို့အထိပါ တောင်းဆိုနေကြ တယ်လို့ ဒေသခံ မဝင်းဝင်းဌေးက အခုလိုပြောပါတယ်။
"ဝမ်ပေါင်ကုမ္ပဏီ ဒို့နိုင်ငံက အခုထွက်သွား၊ မြေသိမ်းယာသိမ်း ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ၊ လယ်ယာမြေတွေ ထွက်ယက်စိုက်ပျိုးခွင့်ရရှိရေး၊ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မီးလောင်ဗုံးသုံး အကြမ်းဖက်တရားခံများအား အမြန်ဖော်ထုတ်အရေးယူပေးရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး လာပြီးတော့ ဆန္ဒပြတာ၊ ပုသိမ်-မုံရွာလမ်းဆုံ အများပြည်သူပိုင်လမ်းမှာ ကျမတို့ကို ဖြတ်သွားမခံဘူး၊ ပိတ်ဆို့ထားတယ်"
ဆန္ဒပြပွဲမှာ ဆည်တည်း၊ မိုးကြိုးပြင်နဲ့ တုံရွာအုပ်စုတွေပါဝင်ပြီး၊ ဝမ်ပေါင်ကုမ္ပဏီ ရုံးရှေ့အရောက် ချီတက်ရာမှာ ရဲတပ်ဖွဲ့တွေက လမ်းမှာတားဆီးထားသလို၊ ဆန္ဒပြသူတွေကလဲ အဲဒီနေရာမှာရပ်နေပြီး ဆက်လက်ဆန္ဒပြ ကြပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ဒီနေ့ဆန္ဒပြနေတာနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြပါလိမ့်မယ်။