လားရှိုးကျောင်းသား ပညာရေးဝန်ကြီးဌာနရုံးရှေ့မှာ ဆန္ဒပြ

လားရှိုး နည်းပညာတက္ကသိုလ်ရှေ့နဲ့ လားရှိုးမြို့နယ်ခန်းမရှေ့မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်ဟာ ဒီနေ့ နေပြည်တော်က ပညာရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြစဉ် မူးလဲသွားခဲ့တဲ့အတွက် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကို ပု့ိဆောင်လိုက်ရပါတယ်။

လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန် ၂၀၁၈၊ ဒီဇင်ဘာ ၂၄ ရက်နေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြစဉ် Photo: Win Ko Ko Latt/ RFA

လားရှိုး နည်းပညာတက္ကသိုလ်ရှေ့နဲ့ လားရှိုးမြို့နယ်ခန်းမရှေ့မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်ဟာ ဒီနေ့ နေပြည်တော်က ပညာရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြစဉ် မူးလဲသွားခဲ့တဲ့အတွက် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကို ပု့ိဆောင်လိုက်ရပါတယ်။

ကိုစိုင်းကျော်စောဟန်ဟာ လားရှိုး နည်းပညာတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေ ဆေးနားခွင့်၊ ကျောင်းပြောင်းသင်ယူခွင့် ခက်ခဲနေမှုတွေကို ဖြေရှင်းပေးဖို့်၊ ရုံးခန်းသော့ ချိုးဖျက်ခံရပြီး သမဂ္ဂအလံ ဖြုတ်ချ ဖျောက်ဖျက်ခံရတာ၊ ကျောင်းရန်ပုံငွေအတွက် ကျောင်းအာဏာပိုင်တွေက ပစ္စည်းရောင်းချတာတွေကို ဖြေရှင်းပေးဖို့တို့ကို တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။ သူဟာ အခုဆိုရင် အစာငတ်ခံဆန္ဒပြတာ ၈ရက်ကြာပြီလို့ သိရပါတယ်။

အဲဒီလိုတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း နဲ့သာ တွေ့ဆုံခွင့်ရခဲ့ပြီး တောင်းဆိုချက်နဲ့ပတ်သက်လို့ ဖြေရှင်းပေးမယ့်အကြောင်း နှုတ်ကတိသာ ရရှိခဲ့တယ်လို့ ကိုစိုင်းကျော်စောဟန်က ပြောပါတယ်။

ကျောင်းပြောင်းသင်ကြားခွင့်ဟာ တစ်နိုင်ငံလုံး မူဝါဒတစ်ခုတည်းနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတွေ ဆေးနားခွင့်၊ စီးပွားနားခွင့်အပါအဝင် အချက်အချို့ကို ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပြီး အချို့အချက်တွေကို ညှိနှိုင်းဆောင်ရွက်ပေးမယ့်အကြောင်း နှုတ်ကတိပေးခဲ့တာလို့ သိရပါတယ်။

ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ငြိမ်းငြိမ်းမြတ် က ညွှန်ကြားရေးမှူးချုပ် ပြောတဲ့စကားကို တာဝန်ယူမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်ပြီး ကျောင်းသားတွေကို ဈေးနှုန်းကြီးမြင့်စွာ ကျောင်းရန်ပုံငွေအတွက် ပစ္စည်းရောင်းချနေတာတွေ၊ ကျောင်းတွေ လုံခြုံမှုမရှိတဲ့ကိစ္စတွေကိုလည်း ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

ဌာနအနေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အလိုက်လျောနိုင်ဆုံး လုပ်ဆောင်ပေးမှာဖြစ်တယ်လို့လည်း ဒေါက်တာ ငြိမ်းငြိမ်းမြတ် က ပြောပါတယ်။

လက်ရှိမှာတော့ ကိုစိုင်းကျော်စောဟန်ဟာ ကုတင်တစ်ထောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

ကိုစိုင်းကျော်ဇောဟန်ဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး လားရှိုးမြို့ နည်းပညာတက္ကသိုလ်ရှေ့မှာ အစာငတ်ခံဆန္ဒပြခဲ့ပြီး ဒီဇင်ဘာလ ၂၂ရက်နေ့က လားရှိုးမြို့နယ် ခန်းမရှေ့ကို ပြောင်းရွှေ့ဆန္ဒပြရာမှာ ဖမ်းဆီးခံရကာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုခံထားရသူဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org