မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရတဲ့ကလေးငယ် တစ်ရာကျော်ပြီလို့ UNICEF ထုတ်ပြန်

ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ စွပ်စွဲပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် ဇွန်လအထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသေဆုံးတဲ့ ကလေးငယ် ၁၁၅ ဦးရှိပြီလို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတချို့အား တွေ့ရစဉ် Photo: Josh Michael

ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ စွပ်စွဲပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် ဇွန်လအထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာ ရသေဆုံးတဲ့ ကလေးငယ် ၁၁၅ ဦးရှိပြီလို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြေမြှုပ်မိုင်းအပြင် မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းများ (UXO) တွေကြောင့် ထိခိုက်သေဆုံးရတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်းမှာတင် သေဆုံးဒဏ်ရာရတဲ့ ကလေးငယ် ၄၇ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအပြင် မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရသူ အားလုံးရဲ့ သုံးပုံတစ်ပုံကျော်ဟာ ကလေးငယ်တွေဖြစ်ပြီး ကိုယ်လက် အင်္ဂါ ချို့တဲ့တာတွေပါ ဆက်လက်ဖြစ်နေတယ်လို့ UNICEF က ပြောထားပါတယ်။

ပြီးတဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်က အသက် ခုနစ်နှစ်အရွယ် ယောက်ျားလေးနှစ်ဦး တောထဲမှာတွေ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးကို ဆော့ကစားချိန် ပေါက် ကွဲပြီး သေဆုံးခဲ့ကြပါတယ်။

ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ထိခိုက်နစ်နာသူတွေအတွက် အကူအညီ တွေ လွယ်ကူစွာပေးနိုင်ရန်နဲ့ မြေမြှုပ်မိုင်းအသုံးပြုတာတွေ ရပ်တန့်ဖို့အပြင် ရှိနှင့်ပြီးတဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတာတွေကိုလည်း ရှင်းလင်းပေးဖို့ မေတ္တာရပ်ခံတိုက်တွန်း တယ်လို့ UNICEF က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org