မိုးများမှုကြောင့် ချင်းပြည်နယ် မှာ မြေပြို
ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မိုး များနေတာကြောင့် တီးတိန်-တွန်းဇံလမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစ ပြီး မြေပြိုတာတွေဖြစ်နေတဲ့အတွက် ကုန်တင်ယာဉ်တွေ အပါအဝင် ကားအစီးရေ တစ်ရာလောက် ပိတ်မိနေတယ် လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။
-
2016-10-31 -
-
-
မိုးများရွာသွန်းမှုကြောင့် ချင်းပြည်နယ် တီးတိန်-တွန်းဇံလမ်းမှာ မြေပြိုကျနေသည်ကို တွေ့ရစဉ်
Photo: CNRWG/ Facebook
ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မိုးများနေတာကြောင့် တီးတိန်-တွန်းဇံလမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး မြေပြိုတာတွေဖြစ်နေတဲ့အတွက် ကုန်တင်ယာဉ်တွေအပါအဝင် ကားအစီးရေ တစ်ရာလောက် ပိတ်မိနေတယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။
အဲဒီလမ်းကို ပြင်ဆင်နေပေမယ့် လတ်တလောမှာ မိုးရွာနေတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဝန်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။
အဲဒီလမ်းဟာ သိုင်းငင်းနဲ့ဟိုင်ဇိမ်ကျေးရွာအကြားမှာ ပြိုနေတာကြောင့် တချို့ယာဉ်တွေကတော့ ဖလမ်း-ဟားခါး လမ်းကနေ သွားနေကြတယ်လို့ပြောပါတယ်။
ဒါ့အပြင် ဟားခါး-ဂန့်ဂေါ-မန္တလေးလမ်းမှာလည်း မိုးများပြီး လမ်းပြိုတာတွေဖြစ်နိုင်တဲ့အတွက် ခရီးသည်တင် ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို ညဘက်မှာမမောင်းဘဲ နေ့ဘက်မှာသာ ဖြတ်သန်းသွားလာကြဖို့ တိုက်တွန်းထားပါတယ်။