အလုပ်သမား ဥပဒေမှာ ထောင် ဒဏ်ထည့်ပေးဖို့ ဆန္ဒပြ

အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား လုပ်ငန်းခွင်ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြေ ရှင်းရေးဥပဒေမှာ ထောင်ဒဏ်တွေထည့်သွင်းပေးဖို့ မန္တလေးစက်မှုဇုန်မှာ အလုပ်သမား ၂ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား လုပ်ငန်းခွင်ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်တွေထည့်သွင်းပေးဖို့ မန္တလေးစက်မှုဇုန်မှာ အလုပ်သမား ၂ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းစက်မှုဇုန်က အလုပ်သမား ကိုခိုင်မင်းက အခုပြဌာန်းထားတဲ့ဥပဒေမှာ ငွေဒဏ်ပဲပါ တာကြောင့် အလုပ်သမားတွေအတွက် မမျှတတဲ့ဥပဒေဖြစ်နေတယ်လို့ ပြောပါတယ်။

"လုပ်ငန်းရှင်တွေအတွက် ဒဏ်ငွေ ၅ သိန်းဆိုတာက အတော်ကိုနည်းပါးလွန်းတဲ့ အပြစ်လေး တစ်ခုပေါ့နော်၊ အလုပ်သမားတွေအတွက် ဒဏ်ငွေ ၅ သိန်းကတော့ ကြီးမားတဲ့ပြစ်ချက်ကြီးပေါ့ဗျာ၊ အလုပ်သမားတွေအတွက်က ရတာကအနည်းဆုံး လုပ်အားခရတာက ၁ သိန်းတောင်မပြည့်ဥစ္စာ ဒီလို ၅ သိန်းဟာ ၆ လလောက်စုမှသာ ၅ သိန်းပြည့်မှာ အလုပ်သမားတွေအတွက်ကတော့ အကြီးဆုံးပြစ်ဒဏ် ကြီးပေါ့ဗျာ၊ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရလည်းဆိုရင် လုပ်ငန်းရှင်တွေက ဒဏ်ငွေပဲသက်မှတ်မယ်ဆိုရင် သူတို့ဟာ ဥပဒေကို ပိုက်ဆံပေးပြီးတော့ ချိုးဖောက်ဦးမှာ ဆက်ပြီးတော့ ချိုးဖောက်နေရင် ကျနော်တို့ အလုပ်သမားတွေအတွက် နစ်နာလာတယ်၊ လုပ်ငန်းရှင်တွေအတွက် သူတို့ ဂုဏ်သိက္ခာကို ထိခိုက်နိုင် မဲ့ ထောင်ဒဏ်သတ်မှတ်ပေးမှသာလျှင် သူတို့အတွက် မလုပ်ရဲတော့မဲ့ စည်းကမ်းချက်တွေ၊ မဖောက်ဖျက် ရဲတော့မဲ့အချက်တွေ ပါဝင်အောင်ပေါ့ဗျာ၊ အဲ့ဒါကြောင့်မို့လို့ကျနော်တို့က ထောင်ဒဏ်လေးကို သက်မှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာပါ"

ဆန္ဒပြပွဲမှာ မန္တလေးစက်မှုဇုန်၊ စစ်ကိုင်းစက်မှုဇုန်နဲ့ ပလိပ်ချည်မျှင်စက်ရုံက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေက အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြန်လည်ရေးဆွဲပေးဖို့ ၊ ပြန်လည်ရေးဆွဲရာမှာ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့နဲ့ အလုပ်သမားခေါင်းဆောင်တွေ ကို လျော်ကြေးပေးပြီး အလုပ်မထုတ်ဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၂ ရက်နေ့က အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေမှာ အလုပ်ရှင်နဲ့အလုပ်သမားအကြား ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက် ကို မလိုက်နာတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ ပြစ်မှုအပေါ်မူတည်ပြီး အနည်းဆုံး ငွေဒဏ် ၅ သိန်းကနေ ၁ဝ သိန်းအထိ ချမှတ်နိုင်တယ်ဆိုတဲ့ ငွေဒဏ်သာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org