ဦးကျော်မင်းဆွေ အာမခံရ

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဒီကနေ့ ၉ ကြိမ်မြောက်ရုံးထုတ်မှာ ဗဟန်းမြို့နယ်တရားရုံးက အာမခံ ပေးလိုက်ပါတယ်။

ဦးကျော်မင်းဆွေ ကို ဗဟန်းမြို့နယ်တရားရုံးမှာ သြဂုတ်လ ၄ ရက်နေ့ ရုံးထုတ်ပြီးနောက် တွေ့ရစဉ် Photo: Thant Zin Oo/RFA

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဒီကနေ့ ၉ ကြိမ်မြောက်ရုံးထုတ်မှာ ဗဟန်းမြို့နယ် တရားရုံးက အာမခံ ပေးလိုက်ပါတယ်။

အာမခံအတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ အတွက် သိန်း ၁၀၀ တန် အာမခံနှစ်ဦးဖြစ်တဲ့အတွက် ကျပ်သိန်း ၂၀၀၊ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ)အတွက် ဆယ်သိန်းတန် အာမခံနှစ်ဦး စုစုပေါင်း သိန်း ၂၂၀ နဲ့ ဦးကျော်မင်းဆွေ ကို အာမခံပေးလိုက်တာပါ။

ဦးကျော်မင်းဆွေ အာမခံရရှိတာဟာ ကျန်းမာရေးအကြောင်းပြချက်အပြင် ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရပေမယ့် အာမခံရရှိတဲ့ တခြားအမှုတွေနဲ့ တန်းတူအခွင့်အရေး ရသင့်တယ်ဆိုတဲ့ အချက်နှစ်ခုနဲ့ အာမခံပေးလိုက် တာ ဖြစ်တယ်လို့ ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့် ကပြောပါတယ်။

ဦးကျော်မင်းဆွေကတော့ သူ့ကိုစွပ်စွဲထားတဲ့အမှုအပေါ်မှာ ကျူးလွန်ထားခြင်း မရှိတဲ့အတွက် စိတ်ရှင်းရှင်းနဲ့ တရားဥပဒေအတိုင်း ဆက်လက်ရင်ဆိုင်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စု သစ္စာ အမည်ရှိ တဲ့ ဆောင်းပါးကို သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့လို့ဆိုပြီး တပ်မတော်ဘက်က အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဒါ့အပြင် သတင်းစာမှာ ဖော်ပြခဲ့တဲ့အတွက်ပါ မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် တို့ကို ထပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီအမှုတွေအတွက် ရုံးချိန်းကို သြဂုတ်လ ၁၇ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာ အမှုနှစ်ခုလုံးကို စစ်ဆေးသွားမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org