ကျောက်ဖြူ ဒုက္ခသည်စခန်းတစ်ခု ဖျက်သိမ်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ ရခိုင် ဒုက္ခသည်စခန်းကို ဖျက်သိမ်းလိုက်ပြီး မိ သားစုတွေကို ပြင်ဖြူမော်ကျေးရွာ ကို ပြောင်းရွှေ့နေပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကညင်တော ရခိုင်ဒုက္ခသည်စခန်းကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ ရခိုင်ဒုက္ခသည်စခန်းကို ဖျက်သိမ်းလိုက်ပြီး မိသားစုတွေကို ပြင်ဖြူမော်ကျေးရွာ ကို ပြောင်းရွှေ့နေပြီဖြစ်ပါတယ်။

မိသားစုဘဝရပ်တည်ရေးအတွက် အကူအညီတွေကိုလည်း ပေးအပ်ထားတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်း ကပြောပါတယ်။

"သူတို့အတွက်နေရာရော အိမ်ရော  မီးရော မီတာရော အကုန်လုံးပေါ့ဗျာ  မီးတွေကအစဆင်ပြီး ပြီပေါ့နော်၊ ပြီးရင်ရေရော လမ်းရော စသဖြင့်ပေါ့  ဒါ့အပြင်သူတို့ လူမှုဘဝရပ်တည်ရေးအတွက်လည်း ပံ့ပိုးမှုတွေ တစ် အိမ်ထောင်ကို  လေးသိန်းပေါ့ ပံ့ပိုးပေးထားတယ်၊ ပြောချင်တာကတော့ စခန်းလည်း မဟုတ်ဘဲနဲ့  သူတို့လည်းမိသားစုဘဝအနေနဲ့ပေါ့ဗျာ အဲမျိုးလေးဖြစ်သွားအောင် စီမံပေးတာ"

ဒုက္ခသည် အိမ်ထောင်စု ၆၅ စုအတွက် ပြင်ဖြူမော်ကျေးရွာအုပ်စုက မြေ ၂ ဧကကျော်မှာ အိမ် ၆၅ လုံးဆောက်လုပ် ပြီး ပြောင်းရွှေ့နေရာချထားပေးတာလို့လည်း သိရပါတယ်။

အဲဒီ ဒုက္ခသည်မိသားစုတွေဟာ ဒီနေ့ကနေ မေလ ၅ ရက်နေ့အတွင်း အပြီးသတ်ပြောင်းရွှေ့နေရာ ချထားပေး မှာဖြစ်တယ်လို့လည်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်း ကပြောပါတယ်။

ကျောက်ဖြူမြို့မှာရှိတဲ့ ဒီဒုက္ခသည်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ကျောက်ဖြူမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းတစ်ခု ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org