ကျောက်ပန်းတောင်း ဖွံ့ဖြိုးရေး ဒေသခံတွေ နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ
အစိုးရကဆောင်ရွက်ပေးဖို့ အားနည်းနေ တဲ့ ကျောက်ပန်းတောင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေကို အဖြေရှာဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ပူးပေါင်းပြီး ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
-
2013-03-17 -
-
-
အစိုးရကဆောင်ရွက်ပေးဖို့ အားနည်းနေတဲ့ ကျောက်ပန်းတောင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေကို အဖြေရှာဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ပူးပေါင်းပြီး ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
ဒေသခံ NLD ပါတီဝင် ကိုသန်းထင်အောင်က အခုလို ပြောပါတယ်။
" ပြည်ခိုင်ဖြိုးကတော့ မလာဘူး၊ တစညလာတယ်၊ NLD လာတယ်၊ လူမှုရေးအသင်းအဖွဲ့ ၁၆ သင်းရှိတယ်၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က တက်တယ်၊ တွေ့ပြီးတော့ ဘာလုပ်တာလဲဆိုတော့ သူတို့က မြို့ရဲ့အခြေအနေတွေကို အမြင်ချင်းဖလှယ်ပြီးတော့ မြို့ရဲ့အစစအရာရာ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ကြမလဲဆွေးနွေးတယ်"
ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းက လူပုဂ္ဂိုလ် ၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပုပ္ပါးတောင် ထိန်းသိမ်းရေး၊ ပညာသင်ကြားနေတဲ့ကျောင်းတွေ အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေးဆေးပေးခန်းတွေ အလုံလောက်ရရှိရေး၊ ပျက်စီးနေတဲ့လမ်းတွေ ကောင်းမွန်ရေးနဲ့ အမှိုက်သိမ်းကားထားရှိရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
၂ ရက်ကြာဆွေနွေးမယ့် ဒီအခမ်းအနားကနေ ရရှိလာတဲ့အချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။