ကော်သူးလေတပ်မတော် တည်ထောင်မှု မလုပ်သင့်ကြောင်း ကော်ဘရာစစ်ကြောင်းမှူးဝေဖန်

ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းတည်ထောင်တယ်လို့ ကြေညာတာဟာ မဖြစ်သင့်ဘူးလို့ (KNLA) ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက တုံ့ပြန်လိုက်ပါတယ်။

ကော်ဘရာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ် Photo: Cobra Column

ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ် ဒါးမြက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းတည် ထောင်တယ်လို့ ကြေညာတာဟာ မဖြစ်သင့်ဘူးလို့ (KNLA) ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက တုံ့ပြန်လိုက်ပါတယ်။

KTLA တည်ထောင်တာဟာ သမိုင်းတစ်ရပ်အဖြစ် ကျန်နေမှာဖြစ်သလို တော်လှန်ရေး ကာလမှာ ပုဂ္ဂိုလ်ရေးအရ သီးခြားတည်ထောင်တာမျိုး ခွဲထွက်တာမျိုး မလုပ်သင့်ဘူးလို့ ဗိုလ်ဒါဘောက ပြောပါတယ်။

"အခုလိုတည်ထောင်တာက ကရင်အမျိုးသား အစည်းအရုံးတစ်ရပ်လုံး အနေနဲ့ ညီညွတ် မှုမရှိဘူးလို့ ပြသနေတဲ့အပေါ်မှာ ဒါကိုကျနော် အရမ်းအရှက်ရမိတယ်။ စစ်သားတစ် ယောက်ဟာ စစ်ရဲ့ဥပဒေ၊ စစ်ရဲ့ကျင့်ဝတ်ကို နားလည်ရမယ်။ ဒါတွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ် ဘာကြောင့် သီးခြားဖွဲ့စည်းသလဲဆိုတာ။ စစ်သားတစ်ယောက်ဟာ စစ် ရာဇဝတ်မှု ကျုးလွန်တယ်ဆိုရင် စစ်ကပေးတဲ့ အပြစ်ဒဏ်ကို ခံရမယ်။ စစ်ကပေးတဲ့ အပြစ်ဒဏ်ကို မခံဘဲနဲ့ ဒါကိုသီးခြားဖွဲ့စည်း၊ ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်တာက လုံးဝ မဖြစ်သင့်ဘူး"

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KTLA) ဟာ ပုဂ္ဂိုလ် ရေးအရ ခွဲထွက် ဖွဲ့စည်းတာဖြစ်လို့ သူ့အနေနဲ့ ထောက်ခံမှုမရှိဘူးလို့လည်း ဆိုပါတယ်။

ကော်ဘရာစစ်ကြောင်းဟာ KNU/KNLA လက်အောက်ခံ တပ်မဟာ (၆) နယ်မြေမှာ KNDO တပ်နဲ့အတူ စစ်ဆင်ရေး လှုပ်ရှားမှုတွေရှိပြီး ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ဥကရစ်ထတပ် စခန်း၊ ဇူလိုင်လ ၁၂ ရက်နေ့မှာ မြဝတီ - ဝေါလေ လမ်းမတိုက်ပွဲ စတဲ့တိုက်ပွဲတွေကို တိုက် ခိုက်အောင်မြင်ခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကလည်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် ဖွဲ့စည်းလိုက်တဲ့အပေါ် အသိအမှတ်မပြုကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org