ကာကွယ်ရေး ဦးစီးချုပ် နဲ့ ကေအဲန်ယူခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံမည်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖဲ့ွဟာ နေပြည်တော်မှာ မကြာခင်တေ့ွဆုံသွားမယ်လို့ သိရပါတယ်။

ကေအဲန်ယူ ဥက္ကဋ္ဌ စောမူတူးဆေးဖိုးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို အတူတွေ့ရစဉ် Photo: Senior General Min Aung Hlaing Facebook

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖဲ့ွဟာ နေပြည်တော်မှာ မကြာခင်တေ့ွဆုံသွားမယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေတဲ့အပေါ် တပ်မတော်နဲ့ ကေအဲန်ယူ နှစ် ဦးနှစ်ဖက်ညှိနှိုင်းပြီး ဆွေးနွေးဖို့ဖြစ်တယ်လို့ ကရင် အမျိုးသား အစည်းအရုံး ကေအဲန်ယူ ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

"ကျနော်တို့ ကရင်ဥက္ကဌကြီးကိုယ်တိုင် ဦးဆောင်ပြီး သွားဖို့ ရှိပါတယ်ခင်ဗျ၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းတဲ့ သဘောပါပဲ၊ အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကလည်း တန့်နေတဲ့သဘောရှိတဲ့အခါကျတော့ တိုင်းပြည်ကလည်း အားမလိုအားမရ ဖြစ်တဲ့ အခါကျတော့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးတော့ ကျနော်တို့ မြန်မြန်သွားနိုင်အောင်၊ အကုန်လုံး လက်ခံနိုင်အောင် ဒီလိုအခြေအနေမျိုးတွေကို ကေအဲန်ယူဖက်က စဉ်းစားထားပါတယ်ခင်ဗျ"

တွေ့ဆုံပွဲနေ့ရက်ကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ပဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။

ကရင်အမျိုးသား အစည်းအရုံးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ဟာ နေပြည်တော်မှာ ၆ ကြိမ်ခန့် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org