ကော့ကရိတ် - မြဝတီလမ်းမှာ တိုက်ပွဲကြီးနိုင်တယ်လို့ KNU သတိပေး

ကော့ကရိတ် မြဝတီလမ်းက ခရီးသွားတွေနဲ့ အဲဒီအနီးအနားမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သတိဝီရိယ ကြီးကြီးထားပြီး ခရီးသွားလာနေထိုင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

KNU တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: KNU

ကော့ကရိတ် မြဝတီလမ်းက ခရီးသွားတွေနဲ့ အဲဒီအနီးအနားမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သတိဝီရိယ ကြီးကြီးထားပြီး ခရီးသွားလာနေထိုင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက အဲဒီနေရာတွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စဉ်ဆက် မပြတ် ရမ်းသန်းပစ်ခတ်နေတဲ့အပြင် လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း အချိန်မရွေး လုပ်လာ နိုင်တာကြောင့်လို့ ဆိုပါတယ်။

KNU နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်မှာ ဒီနေ့ မနက်က စစ်ကောင်စီတပ် ခလရ - ၂၈၃ တပ်ရင်း နဲ့ KNLA တပ်ရင်း (၁၆) လက်အောက်ခံ၊ တပ်ခွဲ (၂) တို့ တောင်စွန်းကျေးရွာအပြင်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ ငါးမိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦး ကျဆုံးပြီး ထိခိုက်သူတွေလည်း ရှိတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စခန်းဘက် ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org