NCA လမ်းကြောင်းက တိမ်းစောင်းသွားကြောင်း KNU ထောက်ပြ

လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA သဘောတူညီမှုစာချုပ်ပါ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းကနေ တိမ်းစောင်းသွားတာကြောင့် ပြန်လည်တည့်မတ်နိုင်ဖို့အတွက် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ခေတ္တရပ်ဆိုင်းထားတာဖြစ်ကြောင်း KNU ဗဟိုက ပြောလိုက်ပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ နေပြည်တော်မှာ ၂၀၁၈ အောက်တိုဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ အစိုးရနဲ့ NCA-S-EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို တက်ရောက်လာစဉ် Photo: Myanmar State Counsellor Office

လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA သဘောတူညီမှုစာချုပ်ပါ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းကနေ တိမ်းစောင်းသွား တာကြောင့် ပြန်လည်တည့်မတ်နိုင်ဖို့အတွက် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ခေတ္တရပ်ဆိုင်းထား တာဖြစ်ကြောင်း KNU ဗဟိုက ပြောလိုက်ပါတယ်။

လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို KNU ဗဟိုက ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေကနေ နှစ်ဘက်ကွာဟမှုတွေကို ဆက်လက်အဖြေရှာသွား မှာဖြစ်ကြောင်းနဲ့ လက်ရှိနိုင်ငံရေးအခြေအနေကို ကရင့်လူ့အဖွဲ့အစည်းတွေ၊ ကရင့်လက်နက်ကိုင် အင်အားစုတွေနဲ့ ကရင်တစ်မျိုးသားလုံးက စည်းစည်းလုံးလုံးနဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း KNU က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ကရင်လူမျိုး၊ ဘာသာစကား၊ စာပေ၊ ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုတွေကို မြှင့်တင်သွားဖို့ကိုလည်း ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

KNU ရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org