KNU နဲ့ အစိုးရ အပစ်ရပ်မယ့်သတင်း မမှန်သေး

KNU ကရင်အမျိုးသား အစည်းအရုံးဟာ အစိုးရနဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှုတွေ ရလို့ မကြာခင် အပစ်ရပ်တော့မလို သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း KNU ဌာနချုပ်က နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က KNU တပ်မဟာ (၅) နယ်မြေတွင် ကျင်းပသော (၆၁) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားတွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ကရင်သတင်းဌာန) Karen Information Centre

အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ KNU အဖွဲ့က ကိုယ်စားလှယ် ၃ ဦး ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ တွေ့ဆုံခဲ့တာဟာ ပဏာမအဆင့်ပဲ ဖြစ်ပြီး နှစ်ဘက်လုံးမှာ လုပ်ပိုင်ခွင့် အပြည့်အစုံ မရှိဘူးလို့ KNU ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါက ပြောပါတယ်။

ဒါ့အပြင် သူတို့အစီအစဉ်ဟာ အရင်ကကြေညာထားတဲ့အတိုင်း အပစ်အခတ် ရပ်မယ်လို့ သဘောတူညီခဲ့ရင် အဲဒီနောက်မှာ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ပြုလုပ်မှ ဖြစ်မယ်လ့ိုလည်း ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေအရ KNU ဟာ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါ ကိုယ်စားပြုမယ့် ကော်မတီတစ်ရပ် ဖွဲ့ထားပြီး အဲဒီကော်မတီမှာ ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ကော်မတီ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူး စေးဖိုး အပါအဝင် စုစုပေါင်း ခေါင်းဆောင် ၇ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ KNU ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org