တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးရေးမှာ KNPP ထွက်ဆိုပေးမည်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ ၃ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်က စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေတဲ့အပိုင်းမှာ ပြည်နယ်အစိုးရကနေတဆင့် KNPP အနေနဲ့ ထွက်ဆိုချက်ပေးသွားမယ်လို့ KNPP ရဲ့ ဗဟိုကော်မတီဝင် ခူထဲဘူးက ပြောပါတယ်။

KNPP အဖွဲ့ဝင်တွေကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာတွေ့ရစဉ် Photo: Peace Commission - facebook

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ ၃ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်က စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေတဲ့အပိုင်းမှာ ပြည်နယ်အစိုးရကနေတဆင့် KNPP အနေနဲ့ ထွက်ဆိုချက်ပေးသွား မယ်လို့ KNPP ရဲ့ ဗဟိုကော်မတီဝင် ခူထဲဘူးက ပြောပါတယ်။

မနေ့က အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးစဉ်မှာ သက်သေထွက်ဆိုချက်ပေးဖို့ ညှိနှိုင်းနိုင်ခဲ့တာဖြစ်တယ်လို့ ခူထဲဘူးက ပြောပါတယ်။

"ကျနော်တို့ အကြမ်းဖျင်းဆွေးနွေးခဲ့ကြတဲ့အချိန်မှာ ကတိပေးတာပေါ့နော်၊ ဒါက လုံခြုံမှုကိစ္စအတွက် တာဝန်ယူ ပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ၊ တပ်ထဲမှာ လာရောက်မထွက်ဆိုချင်ဘူး ဆိုရင်တော့ ပြည်နယ်အစိုးရ ဌာနတစ်ခုခုမှာ သွားရောက်ထွက်ဆိုနိုင်ဖို့ စီစဉ်ပေးပါမယ်၊ သူတို့ ကတိပေးထား တာပေါ့လေ၊ အရင်တုန်းက ထွက်ဆိုချက်တွေကို KNPP က မထွက်ဆိုဘူးလေ အယုံအကြည်မရှိလို့၊ ဒါပေမဲ့ အခုသူတို့က ပြန်ထွက်ဆိုပေးပါ တရားမျှတစွာနဲ့ စီစဉ်ဆောင်ရွက်ပေးပါမယ်၊ ကတိပေးထားတာကြောင့် ပြန်ပြီးတော့ ထွက်ဆိုမယ်"

၂၀၁၇ ဒီဇင်ဘာလ ၂၀ရက်နေ့က လွိုင်ကော်မြို့၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြား ကျေးရွာမှာရှိတဲ့ KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်ဖမ်းဆီးပြီး KNPP ရဲဘော် ၃ ဦးကို သတ်ခဲ့တာဖြစ် ပါတယ်။ အဲဒီအမှုကို တပ်မတော်ဘက်က စစ်ဆေးနေတဲ့အပေါ် KNPP က မူလက သက်သေထွက်ဆိုပေးခဲ့တာမျိုး မရှိခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org