တရားမဝင်သစ်ကားကို ကောလင်း PDF တွေ မီးရှို့ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကောလင်း - ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က တရားမဝင်သစ်တွေတင်လာတဲ့ ၁၂ ဘီးကား တစ်စီးကို တွေ့ရှိတာကြောင့် ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
- 2021-10-27
-

အဲဒီသစ်ကားကို ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကားနဲ့သစ် တွေကို မီးရှို့ဖျက်ဆီးခဲ့ပေမယ့် ကားသမားကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“တရားမဝင် သစ်ခိုးထုတ်တဲ့ယာဉ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့လုပ်ရပ်တွေကို ရှုတ်ချကြောင်းနဲ့ ပြင်းထန်စွာအရေးယူသွားမယ်” လို့ ကောလင်း PDF က ပြောပါတယ်။
အောက်တိုဘာလာ ၂၂ ရက်နေ့မှာလည်း ကောင်လင်း PDF ရဲ့ တပ်ရင်း (၂) က မူးယစ်ဆေးဝါးတွေ ဖမ်းဆီး ရမိခဲ့ပြီး ပါဝင်သူတွေကို ပထမအကြိမ် သတိပေးတဲ့အနေနဲ့ ကြိမ်ဒဏ်ငါးချက်နဲ့ ဝန်ခံကတိထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ကောလင်း PDF က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းမှာရှိတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အပြင်းအထန်တိုက်ပွဲဝင်နေကြသလို စစ်ကောင်စီတပ်တွေဘက်ကလည်း ထိုးစစ်ဆင်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။