တနင်္သာရီတိုင်းဒေသကြီးမှာ ကရင်နှစ်သစ်ကူူးနေ့ စည်ကားစွာ ကျင်းပမည်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ က ဦးစီးပြီး တနင်္သာရီတိုင်းဒေသကြီး ဘန်ချောင်း၊ ခမောင်းသွယ်နဲ့ တနင်္သာရီမြို့နယ်တွေ က ကရင်တိုင်းရင်းသားတွေ စုပေါင်းပြီး ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲတော်ကို ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲမှာ ဒီဇင်ဘာလ ၈ရက် မနက်ဖြန်ကနေစတင်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမယ်လို့သိရပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ ကရင်နှစ်ကူးပွဲတော်တစ်ခုတွင် ဒုံးယိမ်းအကဖြင့် တင်ဆက်နေသေ ကရင်တိုင်းရင်းသားများပုံ Photo: AFP

KNU နဲ့ အစိုးရကြား အပစ်ခတ်ရပ်စဲပြီး ပထမဆုံးအကြိမ် တနင်္သာရီတိုင်းဒေသကြီးမှာ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်ပါတယ်။

အဲဒီပွဲကျင်းပဖြစ်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ကရင်စာပေယဉ်ကျေးမှု တိုးတတ်ပြန့်ပွားရေး ဥက္ကဌ ကိုဆယ်ဒို ပြောပြတာက အခု ကျနော်တို့နှစ်သစ်ကူး ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကရင်လူမျိုးတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမတွေ နောက်ပိုင်းမပျောက်ကွယ်အောင် ထိန်းသိမ်းတတ်ဖို့၊ ပြီးတော့ နှစ်သစ်ကူးနဲ့ ပတ်သက်ပြီး အကျုံးဝင်တဲ့ကိစ္စတွေ ဆောင်ရွက်တတ်ဖို့ ကျနော်တို့အခု တပ်မဟာ ၄ မှာရှိတဲ့ မြို့နယ် ၃ ခုကနေ နှစ်သစ်ကူးကော်မတီနဲ့ ပူးပေါင်းပြီးဆောင်ရွက်ရခြင်းဖြစ်ပါတယ် လို့ ပြောပါတယ်။

၅ ရက်ကြာကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲကို မေတ္တာမြို့နယ်ခွဲ၊ အထက ၁ ကျောင်းဘောလုံးကွင်းမှာ ကရင်ရိုးရာဒုံးယိမ်းအကပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေ စတဲ့ ပြိုင်ပွဲတွေ ပါဝင်မယ်လို့ သိရပါတယ်။ အခုကရင်နှစ်သစ်ကူးကျင်းပမယ့် မေတ္တာမြို့နယ်ခွဲဟာ တပ်မတော်နဲ့ KNU တွေ အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၃ ကြိမ်တိုင် ပြောင်းရွေ့ခဲ့ရဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org