ကန့်ဘလူမှာ ထောင်ချခံ လယ်သမားတွေကို ဆက်လက်ထောင်ပြောင်းရွှေ့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် က မြေယာပြဿနာနဲ့ပတ်သက်ပြီး ထောင်ချခံထားတဲ့ လယ်သမားအကျဉ်းသားတွေကို ဒီနေ့မနက်မှာ ရွှေ ဘိုထောင်ကနေ မိသားစုတွေနဲ့ ဝေးတဲ့ထောင်တွေဆီ ထပ်မံပြောင်းရွှေ့လိုက်သလို၊ စစ်သားအင်အား ၂၀၀ လောက်က တောင်သူတွေရဲ့ ပြောင်းနဲ့ ပဲ စိုက်ခင်းတွေကို ဒီနေ့ ထပ်မံဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ Photo: AFP

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က မြေယာပြဿနာ နဲ့ပတ်သက်ပြီး ထောင်ချခံထားတဲ့ လယ်သမား အကျဉ်းသားတွေကို ဒီနေ့မနက်မှာ ရွှေဘိုထောင်ကနေ မိသားစုတွေနဲ့ ဝေးတဲ့ထောင်တွေဆီ ထပ်မံပြောင်းရွှေ့ လိုက်သလို၊ စစ်သားအင်အား ၂၀၀ လောက် က တောင်သူတွေရဲ့ ပြောင်းနဲ့ ပဲစိုက်ခင်းတွေကို ဒီနေ့ ထပ်မံဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

လယ်သမားအကျဉ်းသားတချို့ကို ဒီနေ့မနက် က ညောင်ဦးထောင်ကို ပြောင်းပို့တဲ့ကိစ္စနဲ့ သီးနှံတွေ ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"စစ်သားတွေက လူပေါင်း ၂ဝဝ နီးနီးရှိတယ် လာဖျက်ဆီးတာ၊ လူတွေက ဒီယာထဲကရမှ စားရတာ၊ အိမ်သားတွေထဲက ယောကျ်ားတွေကို မတရားသဖြင့် ဖမ်းသွားတော့ ကျမတို့လည်း ဘာမှမလုပ်တတ်မကိုင် တတ်ဖြစ်နေတယ်၊ အခုကျမတို့ကိုလည်း နောက်ထပ်ထပ်ပြီးလည်း တရားစွဲထားသေးတယ်၊ အမှုချိန်းထဲလည်း ပါတယ်"

ဒါ့အပြင် ကျန်ရစ်တဲ့ လယ်သမားအကျဉ်းသားမိသားစုတွေထဲက ဇနီးတွေ၊ သားသမီးတွေကို တစ်အိမ်ထောင်ကို ၂ ယောက် ၃ ယောက်နှုန်းနဲ့ထပ်ပြီးတရားစွဲလိုက်တဲ့အတွက် နောက်ထပ်တရားစွဲခံရသူ အယောက် ၅၀ လောက်ရှိတယ်လို့ပြောပါတယ်။

အခုလို လယ်သမားတွေ ဖမ်းဆီးထောင်ချခံနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်သမားရေးရာ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးသန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org