ငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့ ကျန်းမာရေးချို့ယွင်းသူများလာ

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်နေကြတဲ့ အဖွဲ့မှာ ကျန်းမာရေး ချို့ယွင်းသူတွေ ပိုများလာပြီး ဒီကနေ့ သံဃာတော် (၂) ပါး ခြေထောက်ဒဏ်ရာ ရရှိတဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

သံဃာတော်တွေကို ဆေးရုံပို့ဆောင်ပေးခဲ့ရတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ကိုဇင်ကိုကိုက RFA ကို အခုလို ပြောပါတယ်။

" ကျွန်တော်တို့ဆီက သံဃာတစ်ပါးပေါ့၊ ဦးဝဏ္ဏဆိုသူကို ဆေးရုံလိုက်ပို့ပေးနေတာ၊ သူက ခြေထောက်နာတဲ့ အခါကျတော့ ဂျိုင်းထောက်နဲ့လမ်းလျှောက်တဲ့အခါကျတော့ ညာဘက်တစ်ခြမ်းကအောင့်နေတယ်"

မနေ့ကလည်း လမ်းလျှောက်သူတွေထဲမှာ အူကျဝေဒနာ နဲ့ ရေကျောက်ပေါက်တဲ့ ရောဂါတွေ ဖြစ်ပွားခဲ့တဲ့ အတွက် ဆေးကုသမှု ခံယူနေရပါတယ်။

ရန်ကုန်ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ အခုဆိုရင် မိုးကောင်းမြို့ကို ရောက်ရှိနေပြီး အဖွဲ့ဝင် စုစုပေါင်းအင်အား (၁၀၀) ကျော်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

အလားတူ လိုင်ဇာမြို့ကို လမ်းလျှောက်နေတဲ့ မြင်းခြံနဲ့ မန္တလေးအဖွဲ့တစ်ဖွဲ့ဟာလည်း ဒီကနေ့ ဗန်းမော်မြို့ကို ရောက်ရှိနေပြီး ကချင်စစ်ဘေး ဒုက္ခသည်စခန်းတွေကို စတင်လှူဒါန်းနေပြီလို့ အဲဒီငြိမ်းချမ်းရေးလမ်းလျှောက် အဖွဲ့ဝင် ကိုသန့်ဇင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org