ကချင်စစ်ပွဲသရုပ်ဖော်ပြဇာတ် ဦးဆောင်သူနှစ်ဦးကို စက်တင်ဘာ ၂ ရက်နေ့ အမိန့်ချမည်

ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်နေ့မှာ စစ်ရှောင်တွေရဲ့ဘဝ၊ ခံစားချက်တွေကို သရုပ်ဖော် တင်ဆက် ခဲ့တာကြောင့် တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ် နှစ်ဦးကို စက်တင်ဘာလ ၂ ရက်နေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။

ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်နေ့မှာ စစ်ရှောင်တွေရဲ့ဘဝ၊ ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂၀၁၉၊ သြဂုတ် ၂၆ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - အဲလိဇဘက်ဂျန်မာ/ RFA

ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်နေ့မှာ စစ်ရှောင်တွေရဲ့ဘဝ၊ ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တာကြောင့် တရားစွဲဆို ခံထားရတဲ့ ကချင်လူငယ် နှစ်ဦးကို စက်တင်ဘာလ ၂ ရက်နေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။

ကချင်လူငယ် နှစ်ဦးဖြစ်တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဒီကနေ့ ၁၁ ကြိမ်မြောက် ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက်တင်ခဲ့တာကြောင့် လာမယ့် အပတ်ရုံးချိန်းမှာ တရားရုံးက အမိန့်ချမှာ ဖြစ်ပါတယ်။

အစိုးရက စစ်ဘေးဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေးမူဝါဒကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ စစ်ဘေး ဒုက္ခသည် လူငယ်တွေကိုယ်တိုင် သူတို့ရဲ့ခံစားချက်တွေကို တေးသရုပ်ဖော် တင်ဆက်ခဲ့တာဖြစ်ပြီး အခုလို အရေးယူမှုတွေ လုပ်ဆောင်တာဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အဟန့်အတားဖြစ်စေကြောင်း တရားစွဲဆို ခံရတဲ့ မဆိုင်းနူးပန်က ပြောပါတယ်။

သရုပ်ဖော် ပြဇာတ်ကို ဦးဆောင်သူ ကိုပေါလု နဲ့ မဆိုင်းနူးပန်ကို ခွင့်ပြုမိန့်မတင်ဘဲ ဆောင်ရွက်တယ်ဆိုပြီး မြို့နယ် ယာယီ ရဲမှူး မင်းသန့်ဇော်က တရားလိုလုပ်ပြီး  ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခဲ့တာပါ။

ဇွန် ၉ ရက်နေ့မှာ စစ်ရှောင်မိဘတွေ၊ လူငယ်တွေအနေနဲ့ ရှစ်နှစ်အတွင်း သူတို့ခံစားခဲ့ရတဲ့ ခံစားချက်တွေကို ဖော်ပြတဲ့ သရုပ်ဖော်ပြဇာတ်ကို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့နဲ့ ပြည်သူ့ရင်ပြင်မှာ တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

(RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org