ကချင်မှ ပြန်လာသူ ရခိုင်များ အတွက် အိမ် ၆၃ လုံး လွှဲပေး

ကချင်ပြည်နယ်ကနေ စားဝတ်နေရေး အခက်အခဲကြောင့် ရခိုင်ပြည်နယ် ကို ပြန်လာကြတဲ့ မင်းပြား၊ မြောက် ဦး၊ မြေပုံစတဲ့မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေအတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဗုဒ္ဓပါဒခြေတော်ရာ အနီးမှာ ဆောက်လုပ်ထားတဲ့ လုံးချင်းနေအိမ် ၆၃ လုံး ကို ပြည်နယ်အစိုးရက ပေးအပ်လိုက်ပါတယ်။

ကချင်မှ ပြန်လာသူ ရခိုင်များအတွက် လွှဲပြောင်းပေးအပ်ထားတဲ့ နေအိမ်တွေကို ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

ကချင်ပြည်နယ်ကနေ စားဝတ်နေရေး အခက်အခဲကြောင့် ရခိုင်ပြည်နယ်ကို ပြန်လာကြတဲ့ မင်းပြား၊ မြောက် ဦး၊ မြေပုံစတဲ့မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေ အတွက် ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ဗုဒ္ဓ ပါဒခြေတော်ရာအနီးမှာ ဆောက်လုပ်ထားတဲ့ လုံးချင်းနေအိမ် ၆၃ လုံးကို ပြည်နယ်အစိုးရက ပေးအပ်လိုက် ပါတယ်။

ရသေ့တောင်မြို့နယ်အပြင် မြေပုံ၊ ဘူးသီးတောင်မြို့နယ်တွေမှာလည်း ရခိုင်တိုင်းရင်းသားကျေးရွာတွေ ဆက်လက် တည်ထောင်ပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က နေအိမ်ပေးအပ်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

"မြေပုံမြို့နယ်မှာလည်း မကြာခင်ကျနော်တို့ဆက်လက်ဆောက်ပေးသွားမှာဖြစ်ပါတယ်၊ ဒီမှာလည်း ၆၅ လုံးလောက်ဆောက်တယ်၊ မြေပုံမှာလည်း ၅၀ ကျော်လောက်ဆောက်ဖို့ရှိပါတယ်၊ ရှေ့ဆက်ပြီးတော့ ဘူးသီးတောင်ထိကျေးရွာတွေတည်ပေးမယ်၊ အဲ့မှာလုပ်ကိုင်စားသောက်ပြီးတော့ အမျိုးဘာသာ၊ သာသနာကို ကာကွယ်ဖို့အတွက် ကျနော်တို့ဆောင်ရွက်ဖို့အစီအမံတွေရှိပါတယ်"

အရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းလက်ထက်က ကချင်ပြည်နယ်မှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၁၀၀ ကျော်ကို အစိုးရအစီအစဉ်နဲ့ နေရပ်ကို ပြန်လည်ခေါ်ယူ ခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲက မိသားစုထက်ဝက်ကျော်လောက်ဟာ အလုပ်ရှားပါးမှုပြဿနာတွေကြောင့် ကချင် ပြည်နယ်နဲ့ တခြားနေရာတွေကို ပြန်လည်ထွက်ခွာသွားခဲ့ကြရာ ကျန်ရှိနေခဲ့တဲ့ မိသားစုတွေအတွက် အလိုတော်ပြည့် ဆရာတော်ကြီး ဘန္ဒန္ဆအရိယဝံသ(Ph.D)ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ လုံးချင်းနေ အိမ်တွေ ပေးအပ်တာဖြစ်ပါတယ်။

အဲဒီမိသားစုတွေအားလုံးကို လုံးချင်းနေအိမ်တွေအပြင် လယ်ယာမြေဧက ၅၀ ကျော်ကို ခွဲဝေပေးဖို့ အစိုးရ က ပြင်ဆင်ထားတယ်လို့လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org