ဇိုင်းအောင်စခန်းက စစ်ပြေး ဒုက္ခသည်တွေထွက်ပြေးနေရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ဇိုင်းအောင်ဒုက္ခသည်စခန်းအနီးကို မနေ့ညက လက်နက်ကြီးတွေ ကျရောက် ခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်သူ နှစ်ထောင်ကျော် ဟာ စခန်းကိုစွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေ ကြပါတယ်။

ဇိုင်းအောင်စခန်းကနေထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဝိုင်းမော်မြို့သွားတဲ့ကားလမ်းမပေါ်မှာ စုဝေးနေကြစဉ် Photo: Joint Strategy Team - JST

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ဇိုင်းအောင်ဒုက္ခသည်စခန်းအနီးကို မနေ့ညက လက်နက်ကြီးတွေ ကျရောက်ခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်သူ နှစ်ထောင်ကျော်ဟာ စခန်းကိုစွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

ဝိုင်းမော်မြို့သွားတဲ့ ကားလမ်းမပေါ်မှာ စုဝေးနေကြတယ်လို့ ဇိုင်းအောင်ဒုက္ခသည်စခန်းကနေ ထွက်ပြေး တိမ်းရှောင်လာသူ ဒေါ်ခွန်ရာ က ပြောပါတယ်။

"တပ်မတော်က လက်နက်ကြီးတွေပစ်လို့ အဲ့ဒါကျလာလို့ အကုန်လုံးလန့်ပြီးမှ ထွက်ပြေးကြတယ်။ အခု Camp မှာလည်းနေလို့မဖြစ်လို့ ဒီမှာရွှေ့နေရတယ်။ ဝိုင်းမော်သွားတဲ့ ကားလမ်းမှာပဲပုံနေတယ်။ ဟိုဘက်လည်း မသွားရ ဒီဘက်လည်း မရွှေ့ရ နောက်လည်းမဆုတ်ရဆိုပြီး ခလယ်မှာကြားမှာ ကျနေပြီ။ ဟိုးအရှေ့ဘက်မှာ တိုက်ပွဲဖြစ်နေလို့"

အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပစ်ခတ်သံတွေကို ပြီးခဲ့တဲ့ ၃ လ လောက်ကတည်းက ဇိုင်းအောင်ဒုက္ခသည်စခန်းကနေ ကြားနေရပြီး အခုရက်ပိုင်း သုံးလေးရက်အတွင်းမှာ ပိုမိုပြင်းထန်လာတဲ့ အနေအထားရှိနေတယ်လို့ ဒေါ်ခွန်ရာ က ပြောပါတယ်။

မနေ့ညက စခန်းအတွင်းကိုကျတဲ့ လက်နက်ကြီးဟာ အစိုးရတပ်မတော်က ပစ်လိုက်တာ ဖြစ်နိုင်တယ် လို့လည်း ပြောပါတယ်။

တပ်မတော်က မြစ်ကြီးနား-ဗန်းမော်ကားလမ်းရဲ့ ၇ မိုင်အကွာအဝေးမှာ ရှိတဲ့ KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ ဌာနချုပ်ရှိရာ လိုင်ဖောင်စခန်းကို မနေ့ညနေပိုင်းက သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့မနက်ပိုင်းကစပြီး လိုင်ဖောင်စခန်းကို လေကြောင်း၊ ခြေလျင်၊ အမြောက် ၊ တင်ကားနဲ့ လက်နက်ကြီးတွေ ပစ်ကူပြီး သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org