ကချင်ပြည်နယ် ဒုက္ခသည်တိုးပွားမှု ကုလ စိုးရိမ်

မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ကုလသမဂ္ဂ အရာရှိ တစ်ဦးက သောကြာနေ့က ပြောပါတယ်။

နမ္မတီးမြို့နယ်က စစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ် Photo: KBC Kachin Facebook

မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ကုလသမဂ္ဂအရာရှိ တစ်ဦးက သောကြာနေ့က ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ကပ်လျက်ရှိနေတဲ့ ကချင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ သုံးပတ်အတွင်း လူ ၄ဝဝဝ လောက် ထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာတဲ့ အကူအညီအရေး UN OCHA အဖွဲ့ အကြီးအကဲ Mark Cuttsက AFP သတင်းဌာနကို ပြောပါတယ်။ ဒေသခံအဖွဲ့အစည်းတွေရဲ့ သတင်းပို့ချက်အရ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်း ပိတ်မိနေသူတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ အရပ်သားများလုံခြုံရေးအတွက် အထူးစိုးရိမ်နေပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေး ထားလိမ့်မယ်လို့လည်း ယုံကြည်တယ်လို့ ပြောပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုနှစ်အတွင်း လက်ရှိထွက်ပြေးသူ ၄ဝဝဝ ပြင် လူ တသောင်းခွဲထွက် ပြေးကြရပါတယ်။ဒါ့အပြင် ၂ဝ၁၁ ခုနှစ်ကထဲက KIA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးသူ ၉ သောင်းကျော်လည်းရှိနေပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်လျက်ရှိပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေအဆိုအရ အစိုးရတပ်တွေဟာ မြန်မာနိုင်ငံ အစွန်းအဖျားဒေသတွေမှာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org