တိုင်ကြားစာတွေကို ပြည်နယ်အစိုးရအဖွဲ့ ဖြေရှင်းမှု အားနည်း

ကချင်ပြည်နယ် လွှတ်တော်ရုံးကနေတဆင့် ပြည်သူတွေ တင်ပြလာတဲ့ တိုင်ကြားစာတွေကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းကြောင်း ပူတာအိုမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်က ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် လွှတ်တော်ရုံးကနေတဆင့် ပြည်သူတွေ တင်ပြလာတဲ့ တိုင်ကြားစာတွေကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းကြောင်း ပူတာအိုမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်က ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ပြည်သူတွေရဲ့ တိုင်ကြားစာတွေအပေါ် ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာကို သိရှိလိုကြောင်း ကချင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌလည်းဖြစ်သူ ဦးဒိန်ခန်ဖုန် က မေးမြန်းခဲ့ပါတယ်။

"ကချင်ပြည်နယ် လွှတ်တော်သို့ ပြည်သူလူထုမှ ၂၀၁၇ ခုနှစ် ၁ လ ၁ ရက်မှာ ၂၀၁၇  ခုနှစ် ၁၀ လ ၁၁ ရက်အထိ တိုင်ကြားလာသည့် အမှုပေါင်းမှာ ၈၉ မှုရှိကြောင်း သိရပါတယ်။ ၎င်းအမှုများအား ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းခဲ့ရာ အမှုတွဲ ၂၁ တွဲသာ ဆောင်ရွက်ပြီးစီးကြောင်း တွေ့ရှိရပါတယ်။ အမှုတွဲ ၆၈ မှုသည် ဖြေ ရှင်းနိုင်ခြင်း မရှိသေးကြောင်း ဆောင်ရွက်ဆဲဖြစ်ကြောင်း တွေ့ရှိရသဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အမှုများဖြေရှင်းရန် အားနည်းလျက်ရှိကြောင်း တွေ့ရှိရပါတယ်"

ပြည်သူတွေတင်ပြလာတဲ့ အမှုတွေကို ပြည်နယ်လွှတ်တော်က သက်ဆိုင်ရာကော်မတီတွေကို ကွင်းဆင်းလေ့လာ ခိုင်းပြီး ကော်မတီတွေရဲ့ စိစစ်ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်တွေနဲ့အတူ အစိုးရအဖွဲ့ထံ အမှုတွဲတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ စိစစ်ဖို့မလိုတဲ့ တိုင်စာအမှုတွဲတွေကိုလည်း အစိုးရကို လွှဲပြောင်းပေးနေ တဲ့အတွက် အစိုးရဘက်က လျင်မြန်စွာဖြေရှင်းဖို့ လိုအပ်နေကြောင်း ဆွေးနွေးခဲ့ပါတယ်။

အစိုးရအဖွဲ့ထံရောက်ရှိလာတဲ့ မြေယာပြဿနာ၊ တရားရေး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့ ဌာနဆိုင်ရာရုံးတွေကို ဖြေရှင်းဆောင်ရွက်ခိုင်းနေတယ်လို့ သိရပါတယ်။

အဲဒီလိုတိုင်ကြားထားတဲ့ အမှု ၈၉ ခု ထဲက အမှု တွဲ ၅၉ ခု ကို ဖြေရှင်းဆောင်ရွက်ပြီးကြောင်းနဲ့ ဆောင်ရွက်ဆဲ ၃၀ မှုရှိကြောင်း ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org