ဖားကန့်မြို့ ၅ ရပ်ကွက် မိုးကြီးလို့ ရေလွှမ်း
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၅ ရပ် ကွက်လောက် ရေနစ်မြုပ်နေပါတယ်။
-
2014-08-24 -
-
-
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၅ ရပ်ကွက်လောက် ရေနစ်မြုပ်နေပါတယ်။
ဖားကန့်မြို့နယ် ငှက်ပျောတော၊ မြို့မ၊ မရှီကထောင် စတဲ့မြို့ပေါ် ၅ ရပ်ကွက်မှာ ရေလွှမ်းနေတာလို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟန်မြင့်က ပြောပါတယ်။
"နောက်ဆုံးအခြေအနေနဲ့ကတော့ မနက်က ၃ နာရီခွဲက စတက်တဲ့ရေပဲလေ၊ ဖားကန့်မှာ အနှစ် ၃၀ အတွင်း ဒီရေဟာ အကြီးဆုံးလို့ပြောရမှာပဲလေ၊ ခုဟာက ကြိုးတံတားတော့မြုပ်သွာပြီ၊ ဘုန်းကြီးကျောင်းတို့ မြေမြင့်တဲ့နေရာလေးတွေလောက်ပဲနေနေရတာပဲ၊ ခုချိန်ကတော့ ကယ်ဆယ်ရေး လုပ်နေကြတာပဲ ၊ အိမ်တွေကတော့ မြုပ်တာပေါ့၊ မိုးရွာတာကြောင့် ရေကြီးတာလို့ ပြောလို့တော့ ရတယ်"
အခုသီတင်းပတ်တွေမှာ မိုးရွာသွန်းမှုများတဲ့အတွက် ဧရာဝတီမြစ်ရေလည်း မြင့်တက်လာပြီး ဒီနှစ်အတွင်း ရေလွှမ်း မှုအများဆုံးဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ရွာ အတော်များများ မှာ ရေကြီး၊ ရေလျှံခဲ့ပါတယ်။