ဒေါ်ဘောက်ဂျာက သူ့ကို ဖမ်းဆီးတာဟာ တရားမျှတမှု မရှိဘူးလို့ပြော

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက မိမိကို ဝရမ်းပြေးလို့ နာမည်တပ်ပြီး အခုချိန်ထိ ဘာမှ အသိပေးခြင်းမရှိဘဲ ဖားကန့်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတာဟာ တရားမျှတမှုမရှိဘူးလို့ ဒီကနေ့ပြောဆိုလိုက်ပါတယ်။

ပုဒ်မ ၃၀၄ (က) လူသေမှု၊ ပုဒ်မ ၄၁ ဆေးကောင်စီ အက်ဥပဒေ၊ ပုဒ်မ ၃၃ ယစ်မျိုး ဥပဒေစတဲ့ အမှုသုံးမှုနဲ့ ဖားကန့်မြို့နယ် ရဲစခန်းမှာ အဖမ်းခံထားရတဲ့ အန်ဒီအက်ဖ်ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက သူအချုပ်ကျနေတဲ့ ဖားကန့်မြို့နယ် ရဲစခန်းကနေ RFA ကို အခုလို ပြောပါတယ်။

လက်ရှိအခြေအနေမှာ အမှုကို ဘယ်နေ့ရင်ဆိုင်ရမယ်ဆိုတာကိုလည်း မသိရှိရသေးကြောင်းနဲ့ တရားဥပဒေလမ်းကြောင်းအတိုင်း အမှန်တရားပေါ်ပေါက်တဲ့အထိ ရှေ့နေတွေနဲ့ တိုင်ပင်ပြီးဆောင်ရွက်သွားမှာပါလို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ဒေါ်ဘောက်ဂျာကို တရားစွဲဆိုထားတဲ့ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းနဲ့ ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ် ရဲစခန်းတို့ကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကချင်ပြည်နယ် မိုးညှင်းခရိုင်ထဲက လယ်သမားတွေရဲ့ မြေယာတွေ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေချိန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်ညနေပိုင်းက မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် နေအိမ်ကနေ ဒေါ်ဘောက်ဂျာ အခုလိုအဖမ်းခံရတာလို့ အန်ဒီအက်ဖ်ပါတီဝင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org