ဒုက္ခသည်တွေနေရပ်ပြန်ရေး တရုတ်ကူညီမည်

ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အိမ်နီးချင်း တရုတ်နိုင်ငံက အကူအညီတွေပေးမယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နဲ့ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ၂၀၁၈၊ ဒီဇင်ဘာ ၂၉ ရက်နေ့က မြစ်ကြီးနားမှာ တွေ့ဆုံစဉ် .

ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အိမ်နီးချင်း တရုတ်နိုင်ငံက အကူအညီတွေ ပေးမယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ပြောလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်သံအမတ်ကြီးဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိစဉ် ကချင်နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အခုလိုပြောကြားခဲ့တာလို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့ တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာ က ပြောပါတယ်။

ကေအိုင်အို ထိန်းချုပ်ရာနယ်မြေအပါအဝင် လက်ရှိ ကချင်ပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းကျော် လောက်ထိ ရှိတယ်လို့ သိရပါတယ်။

အဲဒီဒုက္ခသည်တွေအတွက် လတ်တလောမှာ စားနပ်ရိက္ခာ နဲ့ ဆေးဝါးတွေကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ တရုတ်သံအမတ်ကြီးက ပြောခဲ့ကြောင်း ဒေါက်တာ တူးဂျာက ဆိုပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org