လိုင်ဇာမြို့အနီး မြေပြိုမှု ၅ ဦး သေဆုံး
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အနီးက ဂျေယန့်ဒုက္ခသည်စန်းမှာ ဒီလ ၂၂ ရက်နေ့မနက်က တဲအိမ်တွေပေါ်မြေပြိုကျတာကြောင့် ကလေး ၃ ဦး၊ ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၇ဝ အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း လူ ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
-
2014-07-24 -

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် တဲတွေအပေါ် မြေပြိုပြီး သေဆုံးတာဖြစ် တယ်လို့ ကေအိုင်အိုရဲ့ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆက ပြောပါတယ်။
နောက်ထပ်မြေပြိုနိုင်တာကြောင့် တဲအိမ်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ သိရပါ တယ်။ အဲ့ဒီဂျေယန့်ဒုက္ခသည်စခန်းမှာ အိမ်ထောင်စုပေါင်း ၁၈၀၀လောက်ရှိပြီး လူဦးရေ စုစုပေါင်း ရှစ်ထောင်နီးပါး နေထိုင်နေတာဖြစ်ပါတယ်။