မြစ်ကြီးနားမှာ မူးယစ် တိုက်ဖျက်ရေး အခမ်းအနား ပြုလုပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က မနောကွင်းမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေက ကချင်တိုင်းရင်း သားတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ မူးယစ်ဆေးဝါးဆန့် ကျင်ရေးအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့မှာပြုလုပ်စဉ် photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေက ကချင် တိုင်းရင်းသားတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဘုံရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်ကြဖို့ လူထုကိုလှုံ့ဆော်တဲ့အနေနဲ့ ဒီကနေ့ အခမ်းအနားကို ပြုလုပ် တာဖြစ်တယ်လို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအင်ခွမ်တန်ဂွမ်း က ပြောပါတယ်။

"ပြည်သူလူထုအားလုံးကို နှိုးဆော်ခြင်းဖြစ်တယ်၊ ပြည်သူလူထုအားလုံးပါဝင်မှလည်း အောင်မြင်မယ် ဆိုတာကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်"

မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်က ကချင်တိုင်းရင်းသားတွေက မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပိုစတာတွေ ကိုင်ဆောင်ပြီး မနောကွင်းကို စုပေါင်းချီတက်ခဲ့ကြတာပါ။

အခမ်းအနားမှာ ကချင်နှစ်ခြင်းအသင်းတော်၊ ကက်သလစ်အသင်းတော် စတဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေနဲ့ ကချင်တိုင်းရင်းသားတွေ စုပေါင်းပြီး ဆုတောင်းဟောပြောခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို ၂၀၁၄ ခုနှစ်ကစတင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မှာ ဗန်းမော်၊ တနိုင်း၊ ဖားကန့် စတဲ့မြို့နယ်တွေမှာလည်း အလားတူ အခမ်းအနားတွေကို ပြုလုပ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org