ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို လစဉ်ကျပ်သုံးသောင်း ထောက်ပံ့မယ်လို့ စစ်ကောင်စီကြေညာ

လာမယ့် ဩဂုတ်လကစပြီး လက်ရှိဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ်သုံးသောင်း ထမ်မံပေးသွားမယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၂၆ ရက်နေ့ညက ကြေညာလိုက်ပါတယ်။

နေပြည်တော်တွင် စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးအခမ်းအနားတွင် အစိုးရဝန်ထမ်းများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ AFP

စစ်ကောင်စီက လာမယ့် ဩဂုတ်လက စပြီး လက်ရှိ ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ်သုံးသောင်း ထမ်မံပေးသွားမယ်လို့ သူတို့ထိန်းချုပ်ထားတဲ့မီဒီယာတွေကနေ ဇူလိုင်လ ၂၆ ရက်နေ့ညက ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလကလည်း နိုင်ငံ့ဝန်ထမ်းတွေကို ရရှိနေတဲ့ လစာအပြင် တစ်လကို ကျပ်သုံးသောင်း ထောက်ပံ့ကြေးအဖြစ် စစ်ကောင်စီက တိုးပေးခဲ့ပါတယ်။

ဒီတခါမှာတော့ စားဝတ်နေရေး သက်သာချောင်ချိစေဖို့အတွက်ဆိုပြီး ဝန်ထမ်းတွေအပြင် အငြိမ်းစားဝန်ထမ်းတွေကိုပါ ထောက်ပံ့ကြေး တိုးပေးတာလို့ စစ်ကောင်စီက ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းကတော့ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အတွက် ဝန်ထမ်းတွေကို လစာတိုးပေးခဲ့တဲ့ လုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖမ်းဆီးထားသူတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အရေးယူဖို့ စစ်ကောင်စီက စီစဥ်နေတယ်လို့ မိသားစုဝင်တွေ နဲ့ နီးစပ်သူတချို့က RFA ကို ပြောခဲ့ပါတယ်။

ဒီလို့ဝန်ထမ်းတွေကို လစာတိုးပေးတိုင်း၊ ထောက်ပံ့ကြေးတိုးပေးတိုင်း ကုန်စျေးနှုန်းတွေ တက်လေ့ရှိတာကြောင့် ကုန်စျေးနှုန်းတက်မှာကို ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org