ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားမှု တရားသူကြီး ပယ်ချ
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် တရားရုံးမှာ တရားမဝင် နယ်ခြား ဖြတ်ကျော်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အရင်က ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားမှုကို ဒီနေ့ မြို့နယ်တရားသူကြီးက ပယ်ချလိုက်ပါတယ်။
-
2016-02-10 -
-
-
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးမှာ တရားမဝင်နယ်ခြား ဖြတ်ကျော်မှုနဲ့ တရားရင်ဆိုင်နေရ တဲ့ အရင်က ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားမှုကို ဒီနေ့ မြို့နယ်တရားသူကြီးက ပယ်ချလိုက် ပါတယ်။
တရားသူကြီးက သက်သေတွေကို မစစ်ဆေးရသေးဘဲ အာမခံမပေးနိုင်ကြောင်း ပြောပြီး ပယ်ချလိုက်တာလို့ ဦးညီညီလွင်ရဲ့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"တရားစွဲဆိုခဲ့တဲ့ ပထမအပတ်တုန်းက ကျနော်တို့ အာမခံကိုလျှောက်ထားတယ်၊ အကြောင်းပြချက်က ဦးဂမ္ဘီရရဲ့ ကျန်းမာရေးအခြေအနေက ဦးခေါင်းကို နှစ်ကြိမ်တောင်ခွဲထားရတယ်၊ အခုထက်ထိ မျက်ခုံးနှစ်ဘက်ကြားနေ ရာမှာ အသက်ရှူကြပ်တဲ့ ဝေဒနာကို ငှက်ဖျားပိုးဒဏ်ကြောင့် ဆက်ခံနေရတဲ့အတွက် သူ့ကိုဆေးခြောက်လ တိုက်ရမယ်၊ မရရင် အဲ့နေရာကို ခွဲရလိမ့်ဦးမယ်၊ ပြင်ပမှာ အထူးကုဆရာဝန်နဲ့ ဆက်လက်ပြီးကုဖို့ လိုအပ်တဲ့ အတွက် ကျနော်တို့က အာမခံပေးပါလို့လျှောက်တယ်၊ တရားရုံးက ဒီနေ့ အမိန့်ချတဲ့အခါကျတော့ သက်သေကို လည်း စမစစ်ရသေးဘူး၊ ထောင်ထဲမှာလည်းပဲ ထောင်ဆေးရုံကို ဆက်တက်ရမယ့် အနေအထားလည်း မရှိဘူး၊ ဆေးကိုလည်း ဆက်သောက်ခွင့်ရနေတဲ့အတွက် လတ်တလောအခြေအနေမှာ အာမခံပေးရန် မသင့်သေးတဲ့အတွက် အာမခံလျှောက်ထားချက်ကို ပလပ်ကြောင်းအမိန့်ချမှတ်တာပါ"
ဦးညီညီလွင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် နောက်ရုံးချိန်းတွေမှာ အာမခံရရှိဖို့ ဆက်လက်လျှောက်ထားသွား မယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေဖြစ်တဲ့ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးသောင်းဒန်ကို စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဗြိတိသျှသံရုံးက အရာရှိတစ်ဦး တက်ရောက်လေ့လာတယ်လို့ သိရပါတယ်။
ဦးညီညီလွင်ဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရ အဖြစ်ထင်ရှားခဲ့ပြီး ၂၀၁၂ ခုနှစ်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် လူဝတ်လဲကာ သြစတြေးလျသူနဲ့ အိမ်ထောင်ပြုပြီး ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်ပကနေ မန္တလေးမြို့ကို နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ ရောက်ရှိစဉ် တရားမဝင် နယ်ခြားဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။