ဂျော်ဒန်နိုင်ငံမှာ အခွင့်အရေး ချိုးဖောက်ခံရသူများ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံ ရဲ့ မြန်မာအလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး သောကြာနေ့ က မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုးဆက်ကျောင်းသား များရုံးခန်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်း ပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။
-
2013-03-31 -
-
-
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံရဲ့ မြန်မာအလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး သောကြာနေ့က မြန်မာနိုင်ငံ ကို ပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်း ပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားပါတယ်။
"အခုဟာက ကုမ္ပဏီနဲ့ အလုပ်သမားဖြစ်တဲ့အတွက် ကျွန်တော်တို့ လူကြီးတွေကို အရမ်းအားကိုးတယ်၊ လူကြီးတွေလာရင် ကျွန်တော်တို့မှာ မိဘတွေလိုပဲ အရမ်းအားကိုပြီး စောင့်မျှော်ခဲ့တယ်၊ တစ်လခွဲထိနေခဲ့ရတဲ့အခါမှာ ကျွန်တော်တို့ဘက်မှာ ကူညီမှုလဲဘာမှမရှိခဲ့ဘူး၊ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းရတဲ့ပုံစံမျိုး ကျရောက်ပါတယ်၊ ကျွန်တော်တို့က အရမ်းအခက်အခဲတွေ ကြုံခဲ့ရတယ်၊ ကိုယ့်အခက်အခဲပဲ ကိုယ်သိတာပေါ့နော်"
အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က မသက်သက်အောင်ကလည်း ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ဂျော်ဒန်က ကျွန်မတို့အတွက် ကောင်းဆုံး သာဓကတစ်ခုဖြစ်ခဲ့တယ်၊ မှတ်ပုံမတင်ထားတဲ့ တရားမဝင်တဲ့ အေဂျင်စီကလွှတ်လို့ လုပ်ရကိုင်ရ ခက်တယ်ဆိုသော်လည်း၊ လက်ရှိမြန်မာနိုင်ငံသားတွေ တခြားနိုင်ငံမှာ ခံစားနေရတာဖြစ်တဲ့အတွက် လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် ဘယ်လိုကာကွယ်မှု ပေးနိုင်မလဲဆိုတာမျိုးတွေတော့ ဒီအချိန်မှာ စဉ်းစားရတော့မယ်"
အဲဒီစက်ရုံမှာ မြန်မာအလုပ်သမားတစ်ထောင်လောက် အလုပ်လုပ်ကိုင်ကြပြီး၊ အလုပ်ရှင်ရဲ့ လုပ်အားခ ခေါင်းပုံဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
လာမယ့် မေလအတွင်းမှာလည်း အလုပ်သမားတချို့ မြန်မာနိုင်ငံကို ပြန်လာဖို့ရှိတယ်လို့ သိရပါတယ်။