အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကွယ်လွန်

မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် နှစ်ပေါင်းများစွာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် John McCain ဂျွန်မက်ကိန်းဟာ ဦးနှောက်ကင်ဆာရောဂါနဲ့ မနေ့ညက ကွယ်လွန်သွားပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် John McCain ဂျွန် မက်ကိန်းကို ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ် Photo: Robyn BECK / AFP

မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် နှစ်ပေါင်းများစွာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် John McCain ဂျွန်မက်ကိန်းဟာ ဦးနှောက်ကင်ဆာရောဂါနဲ့ မနေ့ညက ကွယ်လွန်သွားပါတယ်။

မစ္စတာမက်ကိန်းဟာ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် နောက်ဆုံးအချိန်အထိ ကြိုးပမ်းခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ် မြန်မာနိုင်ငံကို လာရောက်ကာ အဲဒီအချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံခဲ့ပါတယ်။

ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်းဟာ ဗီယက်နမ်စစ်မှာ တိုက်ပွဲဝင်ခဲ့တဲ့ အကျဉ်းသားဟောင်းနဲ့ စစ်ပြန်သူရဲကောင်း တစ်ဦးဖြစ်သလို အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာလည်း သမ္မတလောင်းအဖြစ် ၂ဝဝ၈ ခုနှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ သူဟာ အခု အသက် ၈၁ နှစ် ရှိပြီဖြစ်ပြီး လွှတ်တော်အမတ် တာဝန်တွေကို ၃၅ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org