ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ
အာဏာသိမ်း စစ်အစိုးရ ဖျက်သိမ်းပြီးနောက်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို လေ့လာ အကဲခတ်ဖို့ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ms. Kikuta ဟာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
-
2011-06-30 -
-
-
မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်လာရောက်သော ဂျပန်လွှတ်တော် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာကီကို ကီကူတာ (ဝဲ) ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ရပုံ။
AFP
ဒေါ်အောင်ဆန်းစုကြည်နဲ့တနာရီခန့်တွေ့ဆုံရာမှာ နှစ်ဖက် စလုံးက ဂျပန် မြန်မာ နှစ်နို်င်ငံ ချစ်ကြည်ရေး တည်ဆောက်ဖို့လိုအပ်ကြောင်း သဘောတူညီကြတယ်လို့ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
မိမိတို့ဟာ နိုင်ငံရေး ကိစ္စများလည်း ဆွေးနွေးကြကြောင်း၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖေါ် မပြောလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်တွေ ကို ပြောပါတယ်။
အခုလို ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့မတွေ့ဆုံခင် ကလေးမှာပဲ စစ်တပ် ကျောထောက်နောက်ခံ မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေ ချိုးဖေါက်နေတယ်လို့စွပ်စွဲကာ နိုင်ငံရေး ကိစ္စတွေ မလုပ်ဆောင်ဖို့ သတိပေးလိုက်ပါတယ်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟာ အင်္ဂါနေ့ကတော့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
Ms. Kikuta ဟာ မြန်မာနိုင်ငံကို မထွက်ခွါလာမီ ဂျပန်နိုင်ငံမှာ ပြောကြားရာမှာတော့ ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရတဲ့ ဂျပန် သတင်းထောက် ကင်ဂျီ နာဂါအိ သေဆုံးရမှုနဲ့ ပတ်သက်လို့သေသေချာချာ ပြည့်ပြည့်စုံစုံ စုံစမ်း စစ်ဆေးဖို့မြန်မာအစိုးရကို တွန်းအားပေးမယ် ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။