တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ကို ဂျပန်တွေ့ဆုံ

ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရို ကိုမူရာ (Masahiro Komura) ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ် (ဝဲ)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း (လယ်)နှင့် ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရို ကိုမူရာ (Masahiro Komura) (ယာ) တို့အား ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ X/MOFA of Japan

ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရို ကိုမူရာ (Masahiro Komura) ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌလည်းဖြစ် ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခူဦးရယ်တို့ကို မေလ ၁၄ ရက် ဒီနေ့လက်ခံတွေ့ဆုံခဲ့တာပါ။

ဂျပန်အစိုးရအနေနဲ့ မြန်မာ့အရေး ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောခဲ့ပါတယ်။

KNU နဲ့ KNPP ဥက္ကဋ္ဌတို့ဘက်ကလည်း မြန်မာ့အရေး စဉ်ဆက်မပြတ်ကူညီနေတဲ့ ဂျပန်နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဂျပန်နိုင်ငံက ဘာတွေမျှော်လင့်လဲဆိုတာ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့အရေး ဖြေရှင်းနိုင်ရေး တိုင်းရင်းသားအဖွဲ့တွေနဲ့ ဂျပန်အစိုးရကြား အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ KNU နဲ့ KNPP ဘက်ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ တွေ့ဆုံခဲ့သလို၊ ဧပြီလထဲမှာလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org