ထိုင်းရောက် မြန်မာဒုက္ခသည်တွေအတွက် ယာဉ်နှစ်စီး ဂျပန်အစိုးရလှူဒါန်း

ဂျပန်အစိုးရက လှူဒါန်းတဲ့ကားတွေကို ရွေ့လျားဆေးကုသရေးယာဉ်အနေနဲ့ အသုံးပြုသွားမယ်လို့ မဲဆောက်ဆေးရုံကြီး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ကူညီထောက်ပံ့ပေးစဉ်။ RFA

ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ အသုံးပြုဖို့ ဆေးကုသရေး ယာဉ်သစ်နှစ်စီးကို ဂျပန်အစိုးရက မဲဆောက်ဆေးရုံကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က လှူဒါန်းလိုက်ပါတယ်။

ဂျပန်အစိုးရက လှူဒါန်းတဲ့ကားတွေကို ရွေ့လျားဆေးကုသရေးယာဉ်အနေနဲ့ အသုံးပြုသွားမယ်လို့ မဲဆောက် အထွေထွေရောဂါကုဆေးရုံကြီး ဝန်ထမ်းတစ်ဦးက ဂျပန်အစိုးရပိုင် NHK သတင်းဌာနကို ပြောထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ ဆေးဘက်ဆိုင်ရာသံမှူး Takekawa Ryoichi ကလည်း ဂျပန်နိုင်ငံအနေနဲ့ အရပ်ဘက်အဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပံ့ပိုးကူညီတာတွေ ဆက်လုပ်သွားမယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း ထိုင်းနိုင်ငံအနောက်ပိုင်းကို ထွက်ပြေးလာသူ ခုနစ်သောင်းခန့်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org