ဂျပန်က စစ်ကောင်စီပေါ် သံတမန် ဆက်ဆံရေးအဆင့် လျှော့ချ
ဂျပန်အစိုးရဟာ တာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်နေရာကို နောက်ထပ် သံအမတ်အသစ် မစေလွှတ်ဘဲ သံတမန် ဆက်ဆံရေးအဆင့် လျှော့ချလိုက်ကြောင်း The Japan Today က ဖော်ပြပါတယ်။
-
RFA Burmese
2024-09-30 -
-
-
ဂျပန်အစိုးရဟာ တာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်နေရာကို နောက်ထပ် သံအမတ်အသစ် မစေလွှတ်ဘဲ သံတမန် ဆက်ဆံရေးအဆင့် လျှော့ချလိုက်ကြောင်း The Japan Today က စက်တင်ဘာ ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။
ဂျပန်သံအမတ် အီချီယို မာရုယာမား (Ichiro Maruyama) ဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အခုလထဲမှာပဲ သူ့ရဲ့တာဝန်က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
ဂျပန်အစိုးရအနေနဲ့ သံအမတ်တစ်ဦး စေလွှတ်တာဟာ စစ်ကောင်စီကို ထောက်ခံသလိုဖြစ်မှာကို စိုးရိမ်မကင်းရှိနေတယ်လို့ The Japan Today က ဖော်ပြပါတယ်။
ဒါပေမဲ့ ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံရဲ့ အရေးပါမှုဟာ ပြောင်းလဲသွားမှာ မဟုတ်သလို စစ်ကောင်စီကိုလည်း ဒီကိစ္စကို နားလည်အောင် ရှင်းပြထားတယ်လို့ ဆိုပါတယ်။
လစ်လပ်သွားတဲ့ ဂျပန် သံအမတ်နေရာအတွက် ရန်ကုန် ဂျပန်သံရုံးမှာရှိနေတဲ့ ရှိုဂို ယိုရှီတာကဲ့ (Shogo Yoshitake) က သံရုံးတာဝန်ခံတစ်ဦးအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
ဂျပန် သံအမတ်ကြီး အီချီယို မာရုယာမားဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးအဖြစ် ၂၀၁၈ ခုနှစ်က စတင်တာဝန်ထမ်းခဲ့တာ ဖြစ်ပါတယ်။